အင်္ဂလန်ဘယ်နောက်ခံလူ လုခ်ရှောဟာ တဦးတည်း လေ့ကျင့်ခန်းဆင်းခဲ့ရတာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဆက်လက်လွဲချော်မှာပါ။
လုခ်ရှောဟာ သောကြာနေ့မနက်ပိုင်းက အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နိုင်ခြင်းမရှိခဲ့ဘဲ တဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
အစောပိုင်းက အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမဲ့ နည်းပြဆောက်ဂိတ်က ပွဲထွက်ခွင့် မပေးသေးတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဆလိုဗေးနီးယားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို ဆက်လက်လွဲချော်မှာဖြစ်ပြီး ရှုံးထွက်အဆင့်ရောက်မှ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်နိုင်မှာပါ။
နည်းပြ ဆောက်ဂိတ်ဟာ လုခ်ရှောကို ဒဏ်ရာအရှင်းမပျောက်ခင် လူစာရင်းမှာရွေးချယ်ခဲ့တာပါ။ အင်္ဂလန်အသင်းမှာ လုခ်ရှော မကစားနိုင်သေးတဲ့ ဘယ်နောက်ခံလူနေရာကို ညာနောက်ခံလူတဦးဖြစ်တဲ့ ထရစ်ပီယာက အစားထိုး ကစားနေပါတယ်။