Home
နိုင်ငံတကာ
စစ်ရေးလေ့ကျင့်ရန် အမေရိကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယား ရောက်
DVB
·
June 22, 2024
Photo Crd-Song Kyung-Seok|via REUTERS

အခုလထဲမှာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ နျူကလီးယား စွမ်းအင်သုံး အမေရိကန်စစ်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ ဘူဆန်ဆိပ်ကမ်းကို ဇွန် ၂၂ ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက ဒေးဗစ်စခန်းမှာ သုံးနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့စဉ်က နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်ကြဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ 

ရေပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လုပ်ရပ်တွေဟာ အန္တရာယ်များပြီး ရန်လိုရာ ရောက်တယ်လို့လည်း ပူးတွဲ ရှုတ်ချခဲ့ကြပါတယ်။  

ရုရှားသမ္မတ ပူတင်ဟာ ဒီတပတ်မှာ မြောက်ကိုရီးယားကို ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခဲ့ပြီး အပြန်အလှန်ကာကွယ်ပေးဖို့ သဘောတူညီချက် တရပ်ကို လက်မှတ် ထိုးခဲ့ပါတယ်။ 

ဒါဟာ နှစ်ပေါင်းများစွာအတွင်း ရုရှားရဲ့ အာရှမှာ အရေးပါဆုံးလှုပ်ရှားမှု တရပ်ဖြစ်ခဲ့သလို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကလည်း မဟာမိတ်ဖွဲ့တဲ့သဘောဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၇ လကလည်း  တခြားအမေရိကန်လေယာဉ်တင်သင်္ဘော တစင်းဖြစ်တဲ့ ကားလ်ဗင်ဆင် ဟာ တောင်ကိုရီးယားကို လာရောက်ခဲ့ပါသေးတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013