ကုလသမဂ္ဂ ရဲ့ စစ်တမ်းအရ လူ ၅ ဦးမှာ ၄ ဦးဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အစိုးရတွေရဲ့ ကြိုးစားမှု မြင့်တက်ဖို့ ဆန္ဒရှိနေပါတယ်။
၇၇ နိုင်ငံကို စစ်တမ်းကောက်ယူရာမှာ ၆၂ နိုင်ငံက လောင်စာဆီသုံး စွမ်းအင်တွေကနေ သန့်ရှင်းတဲ့ စွမ်းအင်တွေကို အသုံးပြုဖို့ ဆန္ဒရှိနေတာပါ။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဂျီယိုပူးတို့ ပူးပေါင်းပြီး နိုင်ငံ ၇၇ နိုင်ငံက လူပေါင်း ၇၅,၀၀၀ ကို ဖုန်းနဲ့ မေးခွန်း ၁၅ ခု မေးမြန်းခဲ့ပါတယ်။
ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ အကြီးဆုံး စစ်တမ်းတခုလည်း ဖြစ်ပါတယ်။ စစ်တမ်းရဲ့ ၈၀ ရာခိုင်နှုန်းက ရာသီဥတုပြောင်းလဲတာကို အာရုံစိုက်ဖို့ ဆန္ဒရှိနေကြပါတယ်။
ဖီဂျီလို ဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုကို စိုးရိမ်တဲ့သူတွေ ပိုများလာပြီး ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အာဖဂန်နစ္စတန်မှာ ၇၈ ရာခိုင်နှုန်းနဲ့ တူရကီမှာ ၇၇ ရာခိုင်နှုန်းရှိကာ ဆော်ဒီမှာတော့ ရာသီဥတုကို စိုးရိမ်တဲ့သူ ၂၅ ရာခိုင်နှုန်းသာရှိတာ တွေ့ရပါတယ်။
ခြုံပြီးပြောရမယ်ဆိုရင် စစ်တမ်းမှာ ပါဝင်သူတွေရဲ့ ၅၆ ရာခိုင်နှုန်းက ၁ ပတ်မှာ တကြိမ်လောက်ပဲ ရာသီဥတုဖောက်ပြန်မှုကို စဥ်းစားပြီး ၂၅ ရာခိုင်နှုန်းက ပြီးခဲ့တဲ့နှစ်ကထက် ရာသီဥတုကို စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကတော့ စိုးရိမ်မှု မရှိကြပါဘူး။
ရာသီဥတုပြောင်းလဲတာက လူတွေရဲ့ နေထိုင်မှုကိုပါ ပြောင်းလဲစေတယ်ဆိုတာ ဖြေဆိုသူတွေရဲ့ ၆၉ ရာခိုင်နှုန်းက ပြောဆိုထားပါတယ်။
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်း၊ အမေရိကန်က ၅၄ ရာခိုင်နှုန်းနဲ့ ရုရှားက ၁၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒီထုတ်လုပ်မှုတွေရဲ့ ဆိုးကျိုးက ရာသီဥတုတွေ အပြောင်းအလဲဖြစ်စေပြီး ၂၀၂၅ မှာ ဒီကိစ္စကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဆွေးနွေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက ဆုံးဖြတ်ထားပါတယ်။
Source-Reuters