ဂျပန်ကားကုမ္ပဏီ Aspark က ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကား ထုတ်လုပ်
DVB
·
June 21, 2024
ဂျပန်ကားကုမ္ပဏီ Aspark က ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကား ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။
ဂျာမနီနိုင်ငံက ကားစမ်းသပ်ကွင်းမှာ စမ်းသပ်မောင်းနှင်ခဲ့ရာမှာ Aspark OWL SP600 ကားဟာ တနာရီကို ၄၃၈ ဒသမ ၇၃ ကီလိုမီတာ အမြန်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အိုဆာကာမှာ အခြေစိုက်တဲ့ Aspark ဟာ အောင်းလ်လျှပ်စစ်ပြိုင်ကားတွေကို ၂၀၁၅ ကတည်းက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
Rimac ကုမ္ပဏီက Nevera လျှပ်စစ်ကားက တင်ထားတဲ့ တနာရီ ၄၁၅ ကီလိုမီတာ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters