ဘိုးရင်းလေယာဥ်ပျက်ကျမှု ၂ မှုမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေက ဒေါ်လာ ၂၅ ဘီလီယံ ဒဏ်ကြေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေက ဘိုးရင်းလေယာဥ်ပျက်ကျမှု ၂ ခုမှာ လူပေါင်း ၃၄၆ ဦး သေဆုံးခဲ့တာပါ။ ဒါဟာ အမေရိကန်သမိုင်းတလျှောက် လူသေဆုံးမှုအများဆုံး လေယာဥ်ပျက်ကျမှုပါ။
သေဆုံးသူမိသားစုဝင်တွေရဲ့ ရှေ့နေ ပေါလ်ကတ်ဆဲလ်က ဘိုးရင်းရဲ့ ရာဇဝတ်မှုက ကြီးလွန်းလို့ ဒဏ်ငွေပမာဏက မျှတကြောင်း ပြောဆိုထားပါတယ်။
၃၂ မျက်နှာပါ တရားစွဲဆိုချက်မှာ အမေရိကန်အစိုးရကလည်း လူ ၃၄၅ ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ တရားစွဲသင့်ကြောင်း ဖော်ပြထားပါတယ်။
ဘိုးရင်းအမှုဆောင်ချုပ်ကတော့ စိတ်မကောင်းစရာ အဖြစ်အပျက်အတွက် တောင်းပန်ထားပါတယ်။
၂၀၁၈ ဖြစ်စဥ်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာက ထွက်ခွာပြီး ၁၃ မိနစ်အကြာမှာ ဂျာဗားပင်လယ်ထဲကို ပျက်ကျခဲ့တာဖြစ်ပြီး လူပေါင်း ၁၈၉ ဦး သေဆုံးခဲ့ရပါတယ်။
၂၀၁၉ ဖြစ်စဥ်မှာ အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အဒစ်အဘာဘာက ထွက်ခွာပြီး ၆ မိနစ်အကြာမှာ ပျက်ကျခဲ့ကာ လူ ၁၅၇ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဥ် ၂ ခုစလုံးမှာ လေယာဥ်ထိန်းချုပ်မှုစနစ်တွေ ချို့ယွင်းမှုကြောင့် ဖြစ်ပါတယ်။
Source-Reuters