Home
နိုင်ငံတကာ
အိန္ဒိယတွင် ပြင်းထန်အပူလှိုင်းကြောင့် လူ ၅ ဦး သေဆုံး
DVB
·
June 20, 2024
Photo - REUTERS/Priyanshu Singh/file photo

အိန္ဒိယနိုင်ငံတဝန်း လွှမ်းမိုးထားတဲ့ ပြင်းထန်တဲ့ အပူလှိုင်း ဝင်ရောက်မှုကြောင့် အခုသီတင်းပတ်အတွင်း မြို့တော် နယူးဒေလီမှာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ ၆ နှစ်တာအတွင်း အပူဆုံးညတွေကို ကြုံခဲ့ရကြောင်း Times of India သတင်းစာက ဇွန် ၁၉ ရက်မှာ ဖော်ပြပါတယ်။

အာရှတဝန်းမှာ လူသန်းပေါင်းများစွာဟာ အခုနွေရာသီမှာ အလွန်အမင်းပူပြင်းမှုနဲ့ ရင်ဆိုင်နေရပြီး လူသားတွေကြောင့်ဖြစ်ရတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် အပူဒဏ်က ပိုပြီး ဆိုးရွားလာနေခဲ့တာပါ။

ဒါ့အပြင် ရေပြတ်လပ်မှုလည်း ပိုဆိုးလာနေတဲ့ လူပေါင်း သန်း ၂၀ လောက် နေထိုင်ရာ အိန္ဒိယမြို့တော်တဝန်း ‌ဆေးရုံတွေမှာ တနင်္လာနေ့ကစပြီး သေဆုံးမှုတွေ ရှိလာကြောင်းလည်း သတင်းစာမှာ ဆိုထားပါတယ်။

အနိမ့်ဆုံး ညအပူချိန်တောင် ၃၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ် (၉၃ ဖာရင်ဟိုက်) ရှိနေတာဖြစ်ပြီး ဇွန် ၁၈ ရက်က လျှပ်စစ်ဓာတ်အားသုံးစွဲမှုက တချိန်လုံး မြင့်မားခဲ့ပါတယ်။

မတ်လကတည်းက ဒေလီနဲ့ အနီးနားရှိ ကန္တာရပြည်နယ်ဖြစ်တဲ့ ရာဂျက်စ်သန်တို့မှာ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် (၁၂၂ ဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပါတယ်။

အိန္ဒိယအနောက်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ အခုနှစ်ရာသီဟာ ပုံမှန် အပူလှိုင်းရက်တွေက ကိန်းဂဏန်းတွေထက် ၂ ဆကျော် ပိုများပါတယ်။

ဒီအခြေအနေတွေဟာ မိုးထစ်ချုန်းရွာမှု နည်းပါးခြင်းကြောင့်နဲ့ အိမ်နီးချင်း မိုးနည်းရေရှား ဒေသတွေကနေ အိန္ဒိယနိုင်ငံထဲကို လေပူတွေ ဝင်ရောက်တိုက်ခတ်ခြင်းကြောင့်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013