ယူရိုအဖွင့်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂူဟီကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ခရစ္စတယ်ပဲလေ့စ် နောက်ခံလူဟာ နိုင်ငံတကာပြိုင်ပွဲကြီး မကစားဘူးတာကြောင့် ဘောလုံးကျွမ်းကျင်သူတွေဘက်က စိုးရိမ်မှုတွေ ရှိခဲ့ကြပေမဲ့ ဆားဘီးယားနဲ့ ယူရိုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်ခံစစ်ကို အကောင်းဆုံး ဦးဆောင်ကစားနိုင်ခဲ့တာပါ။
ဂူဟီကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် အပါအဝင် လီဗာပူးနဲ့ စပါးအသင်းတွေလည်း ပါဝင်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကတော့ ဂူဟီကို ဆက်လက်ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ထားပြီး လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။
ဂူဟီဟာ အသင်းနဲ့ ၂ နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး အသင်းဆီ ပြန်လာချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
Photo-Reuters