သြစတြီးယားနဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုး ဒဏ်ရာရခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။
နှာခေါင်းဒဏ်ရာက ကြီးမားတဲ့အတွက် နောက်ထပ် ၁၀ ရက် အနည်းဆုံးအနားယူရနိုင်ကြောင်း ပြင်သစ်အသင်း ဆရာဝန်ဟောင်းက မှတ်ချက်ပေးခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာပါ။
ပြင်သစ်အသင်းဘက်ကတော့ အမ်ဘာပေအနေနဲ့ ခွဲစိတ်ကုသမှုလုပ်ဖို့ မလိုအပ်တာကြောင့် ရက်ပိုင်းအတွင်းမှာပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာဖြစ်ပြီး ပွဲကစားချိန်တွေမှာ မျက်နှာကို အကာအကွယ်တခုနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိပါတယ်။
အမ်ဘာပေ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာကြောင့် ဟော်လန်၊ ပိုလန်အသင်းတွေနဲ့ ကစားရမယ့်အုပ်စု လက်ကျန်ပွဲစဉ်တွေမှာ ပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။
Photo-Reuters