Home
အားကစား
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ  သြဂုတ် ၁၇ ရက်နေ့ စတင်မည်
DVB
·
June 19, 2024
photo crd- Action Images via Reuters

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့် သြဂုတ် ၁၇ ရက်မှာ စတင် ကျင်းပသွာဖို့ ရှိနေပါတယ်။

ကလပ်အသင်းပေါင်း ၂၀ရဲ့ ပွဲစဉ်ဇယားအသေးစိတ်ကိုလည်း ထုတ်ပြန်သွားခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီးက ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

အစောဆုံးပွဲစဉ် အဖြစ်  စနေနေ့ မနက် ၁ နာရီခွဲအချိန်မှာ မန်ယူအသင်းက ဖူဟမ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင် သွားရမှာပါ။

အာဆင်နယ်က ဝုဗ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး လီဗာပူးက တန်းတက်အသင်း အစ်ဆွစ် အသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်သွားရမှာပါ။

တခြားပွဲစဉ်တွေမှာ အဲဗာတန်နဲ့ ဘရိုက်တန်၊ နယူးကာဆယ်နဲ့ ဆောက်သမ်တန်၊  နော်တင်ဟမ်နဲ့ ဘုန်းမောက်၊ ဝက်စ်ဟမ်းနဲ့ ဗီလာ၊ လက်စတာနဲ့စပါးတို့ အသီးသီး ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013