ဘရာဇီးလက်ရွေးစင်အသင်းကို အားပေးမှာမဟုတ်တဲ့အကြောင်းအရင်းကို ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒင်ညိုက ထုတ်ဖော်ပြောသွားပါတယ်။
လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းကို အားပေးမှာမဟုတ်သလို နိုင်ပွဲရခဲ့ရင်လည်း အောင်ပွဲခံမှာမဟုတ်ကြောင်း ရော်နယ်ဒင်ညိုက ဆိုရှယ်မီဒီယာကနေတဆင့် လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ နှစ်လောက် အတွင်း ဘရာဇီးအသင်းမှာ လေးစားစရာအသင်းခေါင်းဆောင်မရှိသလို အများစုကလည်း သာမန်ကစားသမားတွေသာဖြစ်ကြောင်း ရော်နယ်ဒင်ညိုက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံအသင်းအတွက် ပေးဆပ်ကစားမယ့် ကစားသမားကင်းမဲ့နေသလို စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်နဲ့ ကစားတဲ့ ကစားသမားလည်းမရှိကြောင်း၊ ဒီလိုအခြေအနေတွေကြောင့် ဘရာဇီးအသင်းကို အားပေးမှုကနေ နုတ်ထွက်ကြောင်း ရော်နယ်ဒင်ညိုက ပြောသွားခဲ့ပါတယ်။
Photo-Reuters