Home
မြန်မာသတင်း
ရန်ကုန် ရပ်ကွက်အချို့တွင် ဂျိုးဖြူရေမလာသဖြင့် တိုက်ခန်းနေသူများ အခက်တွေ့
DVB
·
June 17, 2024

ရန်ကုန်မြို့က ရပ်ကွက်တချို့မှာ စည်ပင်ကပေးတဲ့ ဂျိုးဖြူရေ မလာတာကြောင့် တိုက်ခန်းနေသူတွေ အခက်တွေ့နေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေဆီက သိရပါတယ်။

ဂျိုးဖြူရေမရတာ ၂ ရက်နီးပါးရှိပြီ ဖြစ်တာကြောင့် သုံးစရာရေ ပြတ်လပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်မှာ နေထိုင်သူတဦးက “ရေက တရပ်ကွက်တည်းတောင် ရတဲ့လမ်းက ရတယ်။ မလာတဲ့လမ်းက မလာဘူး။ ဒီမှာက ၂ ရက်ရှိပြီ။ ခဏပဲထင်ပြီး ရေသုံးလိုက်ကြတာ၊ အခု သုံးစရာမရှိတော့လို့ အခက်တွေ့နေကြပြီ” လို့ ပြောပါတယ်။

အဲဒီလို ရေအခက်အခဲရှိတာကြောင့် ချက်ပြုတ်ရေးအတွက် ရေသန့်ဘူး ဝယ်သုံးရတာ၊ သုံးရေအတွက် ရေစည်လှည်းခေါ်ပြီး သုံးရတာတွေ ရှိလာတယ်လို့လည်း ကိုယ်တိုင် ကြုံတွေ့ရသူတွေက ဆိုပါတယ်။

ဒါ့အပြင် ရေပြန်ရတဲ့နေရာတွေမှာ မီးပျက်နေတာကြောင့် ရေတင်မရတဲ့ ပြဿနာတွေ ရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတဦးက “ရေမလာတဲ့နေရာတွေ တော်တော်များနေတာ။ တချို့လမ်းတွေက လူစုပြီး ရေကားခေါ်နေကြတာရှိတယ်” လို့ ​ပြောပါတယ်။

မိုးတွင်းကာလအတွင်း ရေ ဘာကြောင့်မပေးနိုင်တာလဲ ဆိုတာကို စည်ပင်က အသိပေး ကြေညာတာ မရှိသလို ဘယ်အချိန် ပြန်ပေးမယ် ဆိုတာမျိုးလည်း ကြေညာထားတာ မရှိဘူးလို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024