ယူကရိန်းအသင်းအနေနဲ့ ယူကရိန်းသားတွေနဲ့ စိတ်ဓာတ်ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ရီဘရော့ဗ်က ပြောသွားပါတယ်။
ယူကရိန်းအသင်းဟာ ဇွန် ၁၇ ရက်မှာ ရိုမေးနီးယားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်သွားမှာပါ။
ယူကရိန်းအသင်းသားတွေ အားလုံးကို ယူကရိန်းစစ်သားတွေဆီကနေ စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုရရှိခဲ့ပြီး ယူကရိန်းသားတွေရဲ့ စိတ်ဓာတ်ပြသဖို့ တိုက်တွန်းခဲ့ကြောင်း၊ ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ရီဘရော့ဗ်က ပြောပါတယ်။
ယူရိုပြိုင်ပွဲဟာ ယူကရိန်းအသင်းအတွက် အလွန်အရေးပါတဲ့ပြိုင်ပွဲဖြစ်ပြီး အမိနိုင်ငံက စစ်သားတွေနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ရရှိထားကြောင်း နည်းပြ ရီဘရော့ဗ်က ပြောပါတယ်။
အုပ်စု E မှာ ပါဝင်တဲ့ ယူကရိန်းအသင်းဟာ ရိုမေးနီးယားနဲ့ပွဲအပြီးမှာ ဆလိုဗက်ကီးယား၊ ဘယ်လ်ဂျီယံအသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။