Home
သတင်းဓာတ်ပုံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အကြို ဆုတောင်းပွဲ ကနေဒါတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
June 16, 2024
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB
Photo-DVB

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့အကြို ဆုတောင်းပွဲနဲ့ တော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗား၊ ဆာရေးမြို့ရှိ  Royal Kwantlen Park  ပန်းခြံမှာ ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပပါတယ်။

ဒီဆုတောင်းပွဲမှာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ  ပါဝင်တက်ရောက်ကာ မွေးနေ့ကိတ်မုန့်တွေခွဲတာနဲ့ ရောင်စုံမိုးပျံပူဖောင်းတွေ လွှတ်တင်ကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး ဆုတောင်းပေးခဲ့ကြတာပါ။

ဇွန် ၁၉ ရက်နေ့ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲတွေကို ကနေဒါနဲ့ အမေရိကန် အပါအဝင်  ပြည်ပနိုင်ငံတွေမှာ ကြိုတင်ကျင်းပနေကြတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချတာခံထားရတဲ့ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲက တဦးဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြဖို့  အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က နှိုးဆော်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။

အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၉ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။

Photo-DVB

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013