အစ္စရေး အာဏာပိုင်တွေဟာ ပါလက်စတိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ ဟားမတ်စ် အကြီးတန်းအရာရှိ ဒေါက်တာ အာဇစ်ဒွိုက်ကို ၈ လကြာ ထောင်ချအပြီး ဇွန် ၁၃ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အနောက်ဘက်ကမ်း ဟီဘရွန်မြို့မှာ မိသားစုဝင်တွေနဲ့ နေထိုင်သူတွေက ဒေါက်တာ အာဇစ်ဒွိုက်ကို ကြိုဆိုခဲ့ကြပါတယ်။
အာဇစ်ဒွိုက်ဟာ အကျဉ်းကျနေချိန်အတွင်း သူ့ရဲ့ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားပုံရတယ်လို့ ရိုက်တာသတင်းမှာ ဆိုထားပါတယ်။
“အောက်တိုဘာ ၇ ရက်နေ့ကတည်းက အကျဉ်းချခံထားရတဲ့ အခြေအနေတွေ ပြောင်းသွားပြီးတော့ ကံမကောင်းစွာနဲ့ဘဲ အလုပ်အကိုင်က အာဏာပါးကွက်သား ဖြစ်သွားတယ်။ အကျဉ်းသားတွေကို ဆက်ဆံရာမှာလည်း ကျင့်ဝတ်တွေ မရှိကြတော့ဘူး” လို့ ပါလက်စတိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်းနဲ့ ဟားမတ်စ်အရာရှိဟောင်း ဒေါက်တာ အာဇစ်ဒွိုက် က ပြောပါတယ်။
ပါလက်စတိုင်း အကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ အတော်ကြီးကို ဒုက္ခရောက်ကြပြီး ကိုယ်အလေးချိန်တွေလည်း ဆုံးရှုံးကြတယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်း အကျဉ်းသားတွေအပေါ် ဆက်ဆံပုံမှာ အလွန်ကိုဆိုးရွားပြီး လူမဆန်ဘူးလို့ ပြောပါတယ်။
အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ ပိုပြီးဆိုးရွားလာခဲ့တယ်လို့လည်း ဆိုပါတယ်။
Source-Reuters