အသင်းဖော်တွေကို ကူညီပေးမယ့်သူဖြစ်ချင်ကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်မီ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ ကြိမ်ရထားတဲ့ စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲမှာ ၂၅ ပွဲကစားထားပြီး ၁၄ ဂိုးသွင်းယူထားနိုင်ခဲ့ကာ ၆ ကြိမ်ဆက်တိုက် ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရတဲ့ ပထမဆုံးကစားသမားဖြစ်လာဖို့ အခွင့်အရေးရှိနေပါတယ်။
ယူရိုပြိုင်ပွဲအကြို အိုင်ယာလန်အသင်းကို ပေါ်တူဂီက ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို ၂၄ ပြိုင်ပွဲမှာ ချက်၊ ဂျော်ဂျီယာ၊ တူရကီတို့နဲ့ တအုပ်စုတည်းကျရောက်နေပြီး ဒီပြိုင်ပွဲမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီတို့ပြီးရင် ဗိုလ်စွဲနိုင်ခြေအရှိဆုံးအသင်းအဖြစ် ရေပန်းစားနေပါတယ်။
Photo- Reuters