Home
နိုင်ငံတကာ
အိန္ဒိယနိုင်ငံ ဩဒိသျှပြည်နယ်မှာ နွေရာသီ အပူလှိုင်းဒဏ်ကြောင့် လူ ၄၀ ကျော် သေဆုံး
DVB
·
June 12, 2024
Photo - Reuters

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩဒိသျှပြည်နယ်မှာ နွေရာသီအစကတည်းက အပူလှိုင်းနဲ့ ဆက်နွှယ်တဲ့ နေပူဒဏ်ကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးအရာရှိတွေက ဇွန် ၁၁ ရက်မှာ ပြောပါတယ်။ 

နေပူဒဏ်ကြောင့် သေဆုံးတယ်လို့ သံသယရှိသူ ဒါဇင်ပေါင်းများစွာကိုလည်း စုံစမ်းနေဆဲ ဖြစ်ကြောင်း ဩဒိသျှပြည်နယ်ရဲ့  ပြည်သူ့ကျန်းမာရေးဒါရိုက်တာ နီလကံသမိရှ်ရာက ပြောပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အပူလှိုင်းကြောင့် ဒီသီတင်းပတ်ကုန်မှာ အနည်းဆုံး လူ ၈ ဦး အပူလျှပ် သေဆုံးခဲ့ကြောင်း ဩဒိသျှပြည်နယ်အစိုးရက ဇွန် ၁၀ ရက်မှာ ပြောပါတယ်။ 

အိန္ဒိယနဲ့ အာရှရဲ့ တခြားဒေသအများအပြားမှာ ပုံမှန်မဟုတ်ဘဲ ပူပြင်းတဲ့ နွေရာသီကို ကြုံတွေ့ခဲ့ရပြီး သိပ္ပံပညာရှင်တွေကတော့ လူသားတွေလုပ်ဆောင်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပိုမိုဆိုးရွားလာတာဖြစ်ကြောင်း ပြောပါတယ်။ 

လာမယ့်ရက်တွေအတွင်းမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ အပူလှိုင်း အခြေအနေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ 

မတ်လမှ မေလအထိ အပူဒဏ်ကြောင့် သေဆုံးရကြောင်း သံသယဖြစ်သူ  ၅၆ ဦး ရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013