Home
နိုင်ငံတကာ
AI နည်းပညာ မိတ်ဆက်ပြီးနောက် Apple ရှယ်ယာစျေးများ စံချိန်တင်မြင့်တက်
DVB
·
June 12, 2024
Photo - REUTERS/Carlos Barria

Chat GPT နဲ့ ပေါင်းစပ်ထားတဲ့ AI နည်းပညာ မိတ်ဆက်ပြီးတဲ့နောက်မှာ Apple အစုရှယ်ယာတွေ ဇွန် ၁၁ ရက်မှာ ၇ ရာခိုင်နှုန်းအထိ စံချိန်တင်ထိုးတက်ပြီး ကမ္ဘာ့နံပါတ် ၂ တန်ဖိုးအရှိဆုံးကုမ္ပဏီ ပြန်ဖြစ်လာကာ လက်ရှိနံပါတ်တစ်နေရာမှာ ရှိနေတဲ့ မိုက်ခရိုဆော့ဖ်ကိုတောင် ကျော်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။

Apple စတော့ရှယ်ယာစျေးဟာ ပြီးခဲ့တဲ့ရက်က စျေးကွက်ပိတ်ချိန်မှာ တစုကို ၂၀၇ ဒသမ ၁၅ ဒေါ်လာနဲ့ ပိတ်သွားခဲ့ပြီး ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးမှာ AI နည်းပညာကို ထိထိရောက်ရောက် အသုံးချတဲ့ ကုမ္ပဏီတွေဟာ ထိပ်ဆုံးရောက်လာတာဖြစ်ပြီး မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ဒသမ ၂၂ ထရီလီယံနဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

Apple ကုမ္ပဏီကတော့ တန်ဖိုး ဒေါ်လာ ၃ ဒသမ ၁၈ ထရီလီယံနဲ့ ဒုတိယနေရာမှာရှိနေပြီး AI Chips ပြားတွေထုတ်တဲ့ Nvidia ကုမ္ပဏီကတော့ တန်ဖိုး ဒေါ်လာ ၂ ဒသမ ၉၇ ထရီလီယံနဲ့ တတိယနေရာမှာ အသီးသီးရှိနေပါတယ်။

ဒီလိုအချိန်မှာ Apple က သူ့ရဲ့ WWDC လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ Developer ကွန်ဖရင့်မှာ AI ပေါင်းစပ်မှုကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့တော့ Apple Intelligence နည်းပညာကို သုံးချင်ရင် ဖုန်းထဲမှာဆို အနိမ့်ဆုံး iPhone 15 Pro နဲ့ 15 Pro Max ရှိဖို့လိုမှာ ဖြစ်ပါတယ်။

iPad တွေ၊ Macbook တွေနဲ့ Mac တွေမှာတော့ အနိမ့်ဆုံး M1 Chip ပြား သုံးထားဖို့ လိုအပ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024