ဘာစီလိုနာနဲ့ အငှားစာချုပ်ပြည့်သွားပေမဲ့ အသင်းမှာဆက်ကစားချင်ကြောင်း ပေါ်တူဂီတိုက်စစ်မှူး ယာအိုဖဲလစ်က ပြောသွားပါတယ်။
ဖဲလစ်ဟာ မနှစ်ကရာသီမှာ အက်သလက်တီကိုကနေ ဘာစီလိုနာအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့် တော့ မပါဝင်ဘူးလို့သိရပါတယ်။
မိခင်ကလပ် တီကိုအသင်းဆီပြန်သွားရမှာဖြစ်ပေမဲ့ ဘာစီလိုနာအသင်းကို ချစ်ခင်နှစ်သက်တာကြောင့် အသင်းမှာဆက်ကစားချင်ကြောင်း ယာအိုဖဲလစ်ကပြောပါတယ်။
ဒါပေမဲ့ ဘာစီလိုနာမှာဆက်ရှိနိုင်ဖို့က တခြားအချက်တွေ အများကြီးအပေါ်မှာမူတည်နေ တာကြောင့် ဘယ်လိုဖြစ်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဖဲလစ်က ပြောပါတယ်။
တီကိုအသင်းဟာ ပေါ်တူဂီတိုက်စစ်မှူးအတွက် ယူရိုသန်း ၁၀၀ ဈေးနူန်းသတ်မှတ်ခဲ့ပေမဲ့ လက်ရှိ အချိန်မှာတော့ ယူရိုသန်း ၆၀ လောက် ရရှိမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။
Photo-Reuters