Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ  ၇၀၀၀၀ ကျော် အောင်မြင် ၊ အင်းစိန်ထောင်မှ ၇ ဦးအောင်မြင်
DVB
·
June 11, 2024
Photo- DVB

၂၀၂၃-၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ဇွန် ၁၁ ရက် ဒီနေ့မနက်က ထုတ်ပြန်လိုက်တာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၇၀၀၀၀ ကျော် အောင်မြင်တယ်လို့  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေမှာ ကျင်းပခဲ့တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ် စနစ်သစ် Grade 12  တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၁၂၈၈၂၀ ဦး ဝင်ရောက်ဖြေဆိုခဲ့တာပါ။

ဒီနေ့ထုတ်ပြန်တဲ့အောင်စာရင်းအရ ကျောင်းသား ကျောင်းသူ‌ ၇၄၅၉၂ ဦး အောင်မြင်တာကြောင့် အောင်ချက်ရာခိုင်နှုန်း ‌၅၇ ဒသမ၉၀ ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်ကနေ အကျဥ်းသား၊ အကျဉ်းသူ ၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၇ ဦးလုံးအောင်မြင်ခဲ့ပြီး ၇ ဦးလုံး ဂုဏ်ထူးရရှိခဲ့ပါတယ်။

စာမေးပွဲမဖြေစဉ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို A,B,C,D စနစ်နဲ့ အောင်စာရင်းထုတ်ပြန်မယ်လို့ ပညာရေးဌာနအသိုင်းအဝိုင်းမှာသတင်းထွက်ပေါ်ခဲ့ပေမဲ့ အရင်နှစ်တွေကအတိုင်း ဂုဏ်ထူးရဘာသာရပ်တွေနဲ့ပဲ အောင်စာရင်းထုတ်ပြန်ခဲ့ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို စာစစ်ဌာနတွေရှေ့မှာကပ်ပြီး အောင်စာရင်း ကြေညာခဲ့ သလို အွန်လိုင်းက ကြည့်ရှုနိုင်ဖို့လုပ်ဆောင်ခဲ့ပြီး စာမေးပွဲမဖြေဆိုခင်က စာစစ်ဌာန ဖွင့်လှစ်ရာမှာ မပါဝင်ခဲ့တဲ့ ကယားပြည်နယ်ကို ဝက်ဘ်ဆိုဒ်အတွင်း ထည့်သွင်းခဲ့ပေမဲ့ ဝင်ရောက်ကြည့်ရှုလို့မရဘူးလို့ အောင်စာရင်းကြည့်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၁၆၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုပြီး  ၁ သိန်းကျော်လောက် အောင်မြင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013