Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ 
DVB
·
June 10, 2024
KanChaNaPuriIlligallyMyanmar_10062024

ထိုင်းနိုင်ငံအလယ်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ဦးကို ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီ‌ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ်၊ အမှတ် ၁၃၄ နယ်ခြားစောင့်တပ်နဲ့  ဒေသအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတွေဟာ ဇွန် ၉ ရက်က နယ်မြေတွင်းတရားဥပဒေစိုးမိုး‌ရေး နယ်လှည့်စစ်ဆေးစဉ် နေရာ ၂  ခုကနေ တရားမဝင် ဝင်ရောက်လာသူပေါင်း ၂၆ ဦးကို ဖမ်းမိတာလို့ ဆိုပါတယ်။ 

ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဝပ်နမ့်ကစ်ဘုန်းကြီးကျောင်းအနောက်ဘက် တောစပ်ကနေ တရားမဝင် ဝင်လာတဲ့ အမျိုးသား ၈ ဦး အမျိုးသမီး ၃ ဦးနဲ့ နောင်လူးအုပ်စု ဘော်ယိပွန်တောစပ်အနီးမှ အမျိုးသား ၁၄ ဦး အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့  ဆန်ခလပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့  တာဝန်ရှိသူက ပြောကြောင်း သတင်းမှာဖော်ပြပါတယ်။ 

ကိုးကား -  ကန်ကျနပူရီဒေသတွင်းသတင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024