Home
နိုင်ငံတကာ
တရုတ်တွင် ရွှေစျေးတက်ပြီး လက်ဝတ်ရတနာ ဝယ်ယူသူ ကျဆင်း
DVB
·
June 10, 2024
Photo-Reuters

တရုတ်နိုင်ငံမှာ ရွှေစျေးတက်တာကြောင့် ရင်းနှီးမြှုပ်နှံမှု တိုးလာပေမဲ့ လက်ဝတ်ရတနာအဖြစ် ဝယ်ယူသူ အရေအတွက်ကတော့ ကျဆင်းလာတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်မှာ ရွှေစျေးဟာ တဂရမ်ကို ယွမ် ၅၅၀ (၈၆ ဒေါ်လာဝန်းကျင်) မှာ ရှိနေပါတယ်။ ရွှေချောင်းတွေဟာ တန်ဖိုးထိန်းထားနိုင်တဲ့ အကောင်းဆုံးပစ္စည်းလို့ ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်နေကြပါတယ်။ ဒါကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ရွှေချောင်းတွေ ဝယ်နေကြတယ်လို့ ဆိုပါတယ်။

ဒီလို ရွှေချောင်းစျေးကွက်က ဖြစ်ထွန်းနေပေမဲ့ ရွှေလက်ဝတ်ရတနာစျေးကွက်ကတော့ ကျဆင်းလာနေပါတယ်။

ရွှေစျေးတက်တာကြောင့် အလှအပဝတ်ဆင်ဖို့ ဝယ်သူတွေကတော့ တွန့်ဆုတ်လာကြတယ်လို့ ဆိုပါတယ်။

ရွှေစျေးက တဂရမ်ကို ယွမ် ၄၀၀ နဲ့ ၅၀၀ ကြားရှိတုန်းက ဝယ်ဖို့ ဝန်မလေးကြပေမဲ့ အဲဒီထက်မြင့်လာချိန်မှာတော့ တွန့်ဆုတ်လာတယ်လို့ ဝယ်သူတဦးက CCTV ကို ပြောပါတယ်။

နှစ်စ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ တလကို အရောင်းအဝယ်ဝင်ငွေက ယွမ် ၂ သန်းလောက်အထိ ပုံမှန်ရှိပေမဲ့ အခုလတွေထဲမှာ တလကို ဝမ် ၇ သိန်း၊ ၈ သိန်းဖိုးပဲ ရောင်းရတော့တယ်လို့ ပေကျင်းမြို့တော်၊ ရွှေဆိုင်တခုမှ မန်နေဂျာဖြစ်သူ ဝမ်ယမ်က ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013