Home
သတင်းဓာတ်ပုံ
မယ်ရီလန်းတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအခမ်းအနား ကျင်းပ
DVB
·
June 10, 2024
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ
ဓာတ်ပုံ- သုတချမ်းသာ

ဇွန် ၁၉ ရက်နေ့ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အကြိုအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ် Potomac မှာ ဒေသစံတော်ချိန် ဇွန် ၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်က သူ့ရဲ့ အကျဉ်းထောင်တွင်း အတွေ့အကြုံတွေကို ရေးသားထားတဲ့ An Unlikely Prisoner မူရင်းစာအုပ်တွေကို ကိုယ်တိုင် လက်မှတ်ရေးထိုးရောင်းချပြီး ရန်ပုံငွေရှာဖွေပေးခဲ့ပါတယ်။

ပါမောက္ခရှောင်တာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ဇွန်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ဟာ ရက်ပေါင်း ၆၅၀ ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၀၂၂ နိုဝင်ဘာ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။  An Unlikely Prisoner စာအုပ်ဟာ စစ်ကောင်စီလက်အောက် သူ့ရဲ့ထောင်တွင်း အတွေ့အကြုံတွေကို ရေးသားမှတ်တမ်းတင်ထားတာပါ။

မွေးနေ့ပွဲအခမ်းအနားမှာ စာအုပ်ရောင်းချတာ၊ ရိုးရာအစားအသောက် ရောင်းချတာ၊ ကံစမ်းမဲ လက်မှတ်ရောင်းချတာ၊ ပန်းချီကားနဲ့ လက်ဝတ်ရတာတွေ လေလံတင်ရောင်းချတာတွေကနေ ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သောင်းကျော်ရရှိခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မွေးနေ့ ၄ နှစ်ဆက်တိုက် အကျဉ်းထောင်ထဲကနေ ဖြတ်သန်းနေရတာဖြစ်ပြီး လတ်တလောမှာ နေပြည်တော် အချုပ်ထောင်ကနေ နေပြည်တော်ကောင်စီ ဒုဝန်ကြီးအဆင့် နေအိမ်တခုမှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024