နယူးကာဆယ်မှ ထွက်ခွာရန် အစီအစဉ် မရှိသေးဟု တိုက်စစ်မှူး အီဆတ်ခ် ပြော
DVB
·
June 10, 2024
နယူးကာဆယ်ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိသေးကြောင်း တိုက်စစ်မှူး အီဆတ်ခ်က ပြောသွားပါတယ်။
ဆွီဒင်တိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတာပါ။ နိုင်ငံအသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ချိန်မှာ ဆွီဒင်မီဒီယာတခုနဲ့ အင်တာဗျူးမှာတော့ ကစားသမားဘဝရဲ့ အကောင်းဆုံး ဘောလုံးရာသီတခု ဖြတ်သန်းနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ကျေနပ်မိကြောင်း အီဆတ်ခ်က ပြောပါတယ်။
နယူးကာဆယ်အသင်းမှာ အရာအားလုံး ပျော်ရွှင်ကျေနပ်မှုရှိပြီး အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိကြောင်း တိုက်စစ်မှူး အီဆတ်ခ်က ပြောသွားပါတယ်။