ယူရိုပြိုင်ပွဲမတိုင်ခင် ရှုံးပွဲတွေ့ခဲ့တာက ပိုကောင်းတဲ့အရာဖြစ်တယ်လို့ အင်္ဂလန်ကွင်းလယ်လူ ကိုဘီ မိန်နူးက ပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် အိုက်စလန်အသင်းနဲ့ ခြေစမ်းခဲ့ရာမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ မန်ယူကွင်းလယ်ကြယ်ပွင့် မိန်နူးက ပွဲထွက်ကစားခဲ့ပါတယ်။
ပြိုင်ပွဲကြီးမတိုင်ခင်ရှုံးပွဲတွေ့ကြုံခဲ့ရတာက ပိုကောင်းအောင် သက်သေပြဖို့လိုကြောင်း ပြသခဲ့တာဖြစ်ပြီး အမှန်တကယ် ပိုမိုကောင်းမွန်အောင် ကစားနိုင်စွမ်းရှိကြောင်း မိန်နူးက ပြောပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ ယူရိုမတိုင်ခင်ရှုံးပွဲတွေ့ခဲ့လို့ ဝေဖန်ကြတဲ့အပေါ် နားလည်လက်ခံပြီး အသင်းဘက်က အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့လို့သာ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး ပိုကောင်းအောင် ကစားနိုင်စွမ်းရှိကြောင်း ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမယ့် ဇွန် ၁၇ ရက်မှာ ဆားဘီးယားနဲ့ စတင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။