Home
အားကစား
ဖူဟမ် နောက်ခံလူ အက်ဒါရာဘီယိုရိုကို ချဲလ်ဆီးအသင်း ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူ
DVB
·
June 9, 2024
Photo - REUTERS/Carl Recine

ချဲလ်ဆီးအသင်းဟာ ဖူဟမ်နောက်ခံလူ အက်ဒါရာဘီယိုရိုကို ၄ နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပါတယ်။ 

အသက် ၂၆ နှစ်ရှိ အင်္ဂလန်ဗဟိုနောက်ခံလူဟာ နည်းပြသစ် မာရက်စ်ကာရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

သူဟာ မန်စီးတီးအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတဦးဖြစ်ပြီး စီးတီးအသင်းကြီးမှာ ၃ နှစ်အတွင်း ၈ ပွဲကစားခဲ့ပါတယ်။

အဲဒီနောက် ဝက်စ်ဘရွန်း၊ ဘလက်ဘန်းအသင်းတွေဆီ ကစားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကစလို့ ဖူဟမ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်နဲ့ ၃ မိုင်သာဝေးတဲ့ နေရာမှာ မွေးဖွားခဲ့သူဖြစ်သလို ထိပ်တန်းအသင်းကြီးမှာ ပြောင်းရွှေ့ခွင့်ရခဲ့လို့ စိတ်လှုပ်ရှားမိကြောင်း အက်ဒါရာဘီယိုရိုက ပြောပါတယ်။

အသက်ဒါရာဘီယိုရိုကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ မန်ယူအသင်းတွေကလည်း စိတ်ဝင်စားခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024