မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူ့နေအိမ်တွေကို မီးရှိုးဖျက်ဆီးနေတာကြောင့် အိုးမဲ့အိမ်မဲ့၊ စားသောက်စရာမဲ့ဖြစ်သွားကြတဲ့ ပြည်သူတွေမှာ အထွေထွေ အခက်အခဲတွေကြောင့် ကျန်မာရေးမကောင်းဖြစ်နေတာတောင် ဆေးရုံ ဆေးပေးခန်း ကို သွားရောက် မကုသနိုင်ကြဘူးလို့ ကိုယ်တိုင်ခံစားနေရသူတွေက ပြောတယ်။
ပိုင်ဆိုင်မှုတွေကို စစ်ကောင်းစီတပ်စစ်ကြောင်းက မီးမရှို့ခင်က ကိုယ်ပိုင်လုပ်ငန်းပုံမှန်ဝင်ငွေနဲ့ တင့်တောင့်တင့်တယ်နေထိုင်ခဲ့ကြတဲ့ မိသားစု အများစုဟာ အခုဆိုရင် ပုံမှန်မရှိတဲ့ နေ့စားအလုပ်တွေရှာလုပ်ပြီး နေ့စဉ်ဝမ်းရေးကို ဖြေရှင်းနေကြရပါတယ်။
အဲ့ဒီထဲမှာ ကျောင်းနေ အရွယ်ကလေးတွေမှာ ပညာရေးကို လုံးဝကျောခိုင်းလိုက်ရတာရှိသလို စာပေသင်ရင်း အားလပ်ချိန်မှာနိုင်တဲ့အလုပ် ကို ဝင်ကူလုပ်နေကြရတာလည်းရှိနေပါတယ်။
အညာဒေသက နေအိမ်မီးရှို့ခံရသူတွေဟာ ထန်းလက်မိုးတဲတွေနဲ့ ဖြစ်သလို နေထိုင်နေကြရပြီး စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လှုမှုဘဝလုံခြုံရေး စသဖြင့် အထွေထွေခက်ခဲနေသလို အခြေခံနိုင်ငံသားအခွင့်ရေးတွေလည်း ဆုံးရှုံးနေတာကြောင့် ပြည်သူတွေရဲ့ အခက်အခဲအမျိုးမျိုးကနေ လွတ်မြောက်နိုင်ဖို့ဆိုရင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှ ဖြစ်နိုင််ယ်လို့ နေအိမ် မီးရှို့ခံရသူတဦးက ပြောပါတယ်။
စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည် အပါအဝင် မြန်မာတနိုင်ငံလုံးမှာ စစ်တပ်က အာဏာ သိမ်းတဲ့ ၃ နှစ်ကျော်အတွင်း နေအိမ်ပေါင်း ၉ သောင်းဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေတာဖော်မြန်မာက ထုတ်ပြန်ပါတယ်။
လက်ရှိ စစ်ဘေးသင့်ပြည်သူ ၂.၉ သန်းနီးပါးဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ UN ocha မြန်မာက ထုတ်ပြန်ထားပါတယ်။ သူတို့တွေအတွက် လူသားစာနာမှုဆိုင်ရာ အကူညီတွေ လိုအပ်နေတယ်။