ဆူဒန်နိုင်ငံမှာ RSF သူပုန်တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူပေါင်း ၁၅၀ သေဆုံးခဲ့ပြီး လူ ၂၀၀ ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။
မျက်မြင်တွေရဲ့ ပြောဆိုချက်အရ အယ်လ်ဂျာဇီးရားပြည်နယ်ရှိ ဝက်အယ်နာရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင်သူပုန် ကားအစီး ၄၀ ကျော်နဲ့ ရောက်လာပြီး ရွာတွေကို အကြမ်းဖက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ကြီးနဲ့ ပတ်ခတ်မှုကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေ အများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
တခြားမျက်မြင်တဦးက “ရွာလယ်မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ လူပေါင်း ၁၂၀ ကျော်ကို မြေမြှုပ်ပေးခဲ့ရပါတယ်” လို့ ဆိုပါတယ်။
အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူအရေအတွက် တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိပေမဲ့ ဆိုရှယ်မီဒီယာမှာတော့ ကျေးရွာပတ်လည်မှာ လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တာကို တွေ့ရပါတယ်။
ဆူဒန်စစ်တပ်နဲ့ RSF တို့ဟာ ၂၀၂၃ ဧပြီလကတည်းက ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး လူတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပွားကာ အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ကာလရှည်ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဆူဒန်နိုင်ငံမှာ လူ ၇ သန်းကျော် စစ်ပြေးဒုက္ခသည်အဖြစ် ရှိနေပါတယ်။
Source-Reuters