ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ မဲပေးအပြီးမှာ စလိုဗေးနီးယားနိုင်ငံ လူဘလီယာနာမြို့က လွှတ်တော်အပြင်မှာ ပါလက်စတိုင်းအလံ စိုက်ထူထားတာကို လွှတ်တော်အမတ်တွေ ဇွန် ၄ ရက်က စောင့်ကြည့်ခဲ့ကြပါတယ်။
ဒီအရေးနဲ့ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲလုပ်ဖို့ အကြီးဆုံး အတိုက်အခံပါတီက ဆော်ဩခဲ့ပေမဲ့ ပယ်ချခဲ့ပြီး လွှတ်တော်အတွင်း မဲအများစုနဲ့ အတည်ပြုခဲ့တာပါ။
ဂါဇာပဋိပက္ခ အဆုံးသတ်ရေး အစ္စရေးကို ညှိုနှိုင်းဖိအားပေးဖို့ ပိုကျယ်ကျယ်ပြန့်ပြန့် အားထုတ်တဲ့အနေနဲ့ စပိန်၊ အိုင်ယာလန်နဲ့ နော်ဝေနိုင်ငံတို့ရဲ့ ခြေလှမ်းတွေအတိုင်း ပါလက်စတိုင်းကို လွတ်လပ်ပြီး အချုပ်အခြာပိုင်တဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ စလိုဗေးနီးယား အစိုးရက အရင်အပတ်က ဆုံးဖြတ်ခဲ့တာပါ။
အဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့ ဥရောပသမဂ္ဂအတွင်း ဆွီဒင်၊ ဆိုက်ပရပ်စ်၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်၊ စလိုဗက်ကီးယား၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား နိုင်ငံတွေက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီးကြပါပြီ။
မော်လ်တာနိုင်ငံကတော့ မကြာခင် အသိအမှတ်ပြုမယ်လို့ ပြောခဲ့ပါတယ်။
Source-Reuters