ထိုင်းနိုင်ငံက အလိုချင်ဆုံး စာရင်းထဲမှာ ရှိနေတဲ့ ဝရမ်းပြေးတယောက်ကို ဘာလီကျွန်းပေါ်မှာ အရင်လနှောင်းပိုင်းက ဖမ်းမိအပြီး သူ့ကို ထိုင်းနိုင်ငံဆီ ပြန်ပို့ဖို့ မျှော်လင့်ထားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဇွန် ၄ ရက်မှာ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံထဲမှာ ၇ လကြာ ပုန်းအောင်းနေထိုင်တဲ့ ချာဝလစ် ထောင်ဒူအန်ဟာ မြန်မာနိုင်ငံထဲက မူးယစ်မှောင်ခိုကွန်ရက်တွေနဲ့ ပတ်သက်နေပြီး ရဲအရာရှိတွေကို သတ်ဖြတ်မှု၊ ထိုင်းတရားရုံးဝန်ထမ်းတွေကို ပစ်ခတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ထောင်ဒူအန်ဟာ အင်ဒိုနီးရှားနိုင်ငံ မြောက်စူမားတြားပြည်နယ်ဆီကို စပိဘုတ်သုံးပြီး ပင်လယ်ခရီးကနေ ဝင်ရောက်ခဲ့တဲ့အပြင် ရာဇဝတ်ဂိုဏ်းဝင်တွေရဲ့ အကူအညီနဲ့ စူလေမန် ဆိုတဲ့ အင်ဒိုနီးရှား အမျိုးသားတယောက်အဖြစ် ဟန်ဆောင်ရင်း မှတ်ပုံတင်အတုကို သုံးခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
Source-Reuters