တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တောင်ပိုင်းက လမ်းတခုပေါ်မှာ ဘတ်စ်ကားပေါ်တက်ဖို့ လူတွေ စောင့်ဆိုင်းနေတုန်း အနားက အဆောက်အအုံတစ်ခု ပြိုကျခဲ့ပါတယ်။
ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံက ဘတ်စ်ကား ရှေ့မျက်နှာစာက မြေပြင်ပေါ် လဲပြိုကျလာပြီးတဲ့နောက် လမ်းပေါ်မှာ ဖုန်မှုန့်တွေ လျှံတက်လာတာကို လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ပြသထားပါတယ်။
မြို့အတွင်း ခုလို ပြိုကျခဲ့လို့ လူတဦး သေဆုံးပြီး တခြား ၈ ဦးကို အပျက်အစီးတွေ ကြားထဲကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အနားက အဆောက်အဦတွေ၊ စားသောက်ဆိုင် ကုန်အမှတ်တံဆိပ်နဲ့ ဧရိယာကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ပုံတွေထဲက လမ်းအပြင်အဆင်တို့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဗီဒီယို ရိုက်ကူးခဲ့တဲ့ ရက်စွဲရဲ့ အခင်းဖြစ်ပွားရာ နေရာက နောက်ဆက်တွဲ ဗီဒီယိုတွေကိုလည်း ရိုက်တာ သတင်းဌာန က အတည်ပြုနိုင်ခဲ့ပါတယ်။
Source - Reuters