Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ကျောက်တော်တွင် ဗုံးကြဲ၊ မိုင်းနင်းသဖြင့် ပြည်သူ ၃ ဦးသေ
DVB
·
June 2, 2024
PakhotKuBomb_02062024
LandMine_02062024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ ၂ ယောက် သေဆုံးပြီး ကျောက်တော်မြို့နယ်မှာတော့ ဇွန် ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ စစ်ကျန်မြေမြှုပ်မိုင်းနင်းမိလို့ စိတ်ဝေဒနာရှင်တယောက် သေဆုံးခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာစျေးကို ဇွန် ၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီဘက်က Y12 ထောက်ပို့လေယာဉ်နဲ့ ဗုံး ၆ လုံးကြဲချခဲ့လို့ ပြည်သူ ၂ ယောက်သေဆုံး၊ ၁၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယိုးတရုပ်ရွာဒေသခံတယောက်က ပြောပါတယ်။

သေဆုံးခဲ့တဲ့သူတွေကတော့ ယိုးတရုပ်ရွာက အသက် ၁၀နှစ်အရွယ် မောင်ကျော်လွင်(ခေါ်) ဒေါင်းဒေါင်းနဲ့ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းရွာက စစ်ဘေးလာရှောင်တဲ့ အသက် ၂၆ နှစ်အရွယ် မခင်းမိုးအေးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကတော့ အသက် ၅၂ နှစ်အရွယ် ဦးကောင်းစံ၊ ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်သန္တာခိုင်၊ အသက် ၂၁ နှစ်အရွယ် မအေးအေးဖြူ၊ အသက် ၁၈ နှစ်အရွယ် မောင်မျိုးဆန်းအောင်နဲ့ အသက် ၈ နှစ်အရွယ် မောင်ဟိန်းဝင်းတို့ဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် ၄၃ နှစ်အရွယ် ဒေါ်အေးနု၊ အသက် ၅၄ နှစ်အရွယ် ဒေါ်အေးခိုင်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်သန်းမေ၊ အသက် ၁၄ နှစ်အရွယ် မစုမြတ်ဦး၊ အသက် ၆ နှစ်အရွယ် မစုချေနဲ့ အသက် ၅ နှစ်အရွယ် မနှင်းဝတီတို့မှာတော့ သာမာန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့နယ် သဲခုံရွာ၊ တောင်ဦးမော်၊ ဆင်တက်မော်နဲ့ ကြိမ်ခွေမော်ရွာတို့ကိုလည်း ဇွန် ၁ ရက်နေ့ မနက် ၉ နာရီလောက်ကစလို့ Y12 ထောက်ပို့လေယာဉ်နဲ့ ဗုံး ၁၇ လုံးလောက် ကြဲခဲ့တယ်လို့ ပေါက်တောမြို့ဒေသခံတယောက်က ပြောပါတယ်။

အဒီတိုက်ခိုက်မှုကြောင့် ကြိမ်ခွေမော်ကျေးရွာက အသက် ၂၉ နှစ်အရွယ် ကိုဦးသန်းမောင်၊ အသက် ၅၉ နှစ်အရွယ် ဦးကျော်ဇံသာ၊ အသက် ၇၄ နှစ်အရွယ် ဦးဦးလှအောင်နဲ့ ဆင်တက်မော်ကျေးရွာက ကျောင်းဆရာမတယောက်၊ စစ်ရှောင်ကလေးငယ် ၂ ယောက်တို့မှာ ဗုံးစထိမှန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်၊ အုတ်တောပြင်ရွာ အနောက်ဘက်က တောင်ဇောင်းမှာ ဇွန် ၁ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်းပေါက်ကွဲပြီး စိတ်ဝေဒနာရှင်တယောက် သေဆုံးခဲ့တယ်လို့ ကျောက်တော်မြို့ဒေသခံတယောက်က ပြောပါတယ်။

မိုင်းနင်းမိတဲ့နေရာဟာ အရင်က စစ်ကောင်စီတပ်သားတွေ တပ်စွဲခဲ့တဲ့နေရာဖြစ်ပြီး သေဆုံးခဲ့တဲ့သူဟာ အုတ်တောပြင်ရွာက အသက် ၅၈ နှစ်အရွယ် ဦးထွန်းဦး ဖြစ်ပြီး ညာဘက်ခြေထောက် ပြတ်ထွက်သွားသလို ရင်ဘတ်မှာ ဒဏ်ရာရရှိကာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်မှာ မေ ၁၅ ရက်နေ့မနက်ပိုင်းကလည်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၂၀ ထက်မနည်း ဒဏ်ရာရရှိသလို သေဆုံးသူတချို့ရှိပြီး ဆေးရုံအဆောက်ဦတွေ ထိခိုက်ပျက်စီခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ယောက် သေဆုံးကာ ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မေ ၂၇ ရက်နေ့မှာထုတ်ပြန်ပါထားတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013