ဘာစီလိုနာ နည်းပြသစ် ဖြစ်လာမယ့်သူဟာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း နည်းပြဟောင်း ဇာဗီက ပြောသွားပါတယ်။
ဇာဗီဟာ လွန်ခဲ့တဲ့လပိုင်းကမှ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အသင်းဥက္ကဋ္ဌ လာပေါ်တေက ထုတ်ပယ်ခဲ့တာကြောင့် အသင်းနဲ့လမ်းခွဲခဲ့ရတာပါ။
ဆီဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာတော့ ဘာစီလိုနာနည်းပြသစ် ဖြစ်မယ့်သူပေါ် သတိပေးစကား ဆိုသွားခဲ့တာပါ။
ဘာစီလိုနာနည်းပြနေရာဟာ ရှုပ်ထွေးမှုတွေ ရှိတဲ့နေရာဖြစ်ပြီး ခက်ခဲတဲ့အလုပ်ဖြစ်သလို စိတ်ရှည် သီးခံဖို့လည်းလိုအပ်ကြောင်း နည်းပြဇာဗီက ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ ဂျာမနီ လက်ရွေးစင်နည်းပြဟောင်း ဟမ်ဆီဖလစ်ခ်ကို နည်းပြချုပ် တာဝန်ပေးအပ်ဖို့ ကြိုးပမ်းနေပါတယ်။
Photo- Reuters