ဂျာမနီနိုင်ငံအနောက်တောင်ပိုင်း မန်းဟိုင်းမ်မြို့မှာ မေ ၃၁ ရက်မှာ လူ တဦးက ဓားနဲ့လိုက်ထိုးလို့ အစ္စလာမ်ဆန့်ကျင် ရေးလှုပ်ရှားသူ တဦးအပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့ပြီး ကျူးလွန်သူကို အရှင် ပစ်ခတ် ဖမ်းဆီးမိခဲ့ပါတယ်။
ရင်ပြင်မှာ စုဝေးချီတက်ပွဲလုပ်ဖို့ စီစဉ်နေတဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားသူ မိုက်ကယ် စတာဇန်ဘာဂါကို အဓိကပစ်မှတ်ထားခဲ့တာလို့ ယူဆရပါတယ်။
ဝင်ဟန့်တားတဲ့ ရဲ တဦးပါ ထိခိုက်သွားပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။
ဖြစ်စဉ်ကို ယူကျုဘ်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရိုက်ကူးမိခဲ့ပြီး ကျူးလွန်သူအမျိုးသားရဲ့ အမည်ကို တော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
မျက်မှန်တပ်ထားပြီး မုတ်ဆိပ်ကျင်စွယ်နဲ့ ကျူးလွန်သူဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အာဖဂန်နစ္စတန်မှာ မွေးဖွားကာ ဂျာမနီမှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
လူတဦးရဲ့ ခြေထောက်ကို ဓားနဲ့ထိုးလိုက်ပုံ၊ ဝင်ဟန့်တားတဲ့ ရဲအရာရှိရဲ့လည်မျိုကို ဓားနဲ့ခုတ်မိတဲ့ ပုံတွေ ယူကျုဘ်ဗီဒီယိုမှာ ရိုက်ကူးနိုင်ခဲ့ပါတယ်။
ပစ်မှတ်ထားခံရသူ အသက် ၅၉ နှစ်အရွယ် စတာဆန်ဘာဂါဟာ အစ္စလာမ်ဆန့်ကျင်ရေး ပက်စ် ယူရိုပါ လှုပ်ရှားမှုက စီစဉ်တဲ့ပွဲမှာ တက်လာတဲ့ လူအနည်းငယ်ကို မိန့်ခွန်းပြောဖို့ လုပ်နေတာ ဖြစ်ပါတယ်။
Source-Reuters
Photo-Reuters