စပိန်ရဲတပ်ဖွဲ့ဟာ ဇွန် ၁ ရက်နေ့ည လန်ဒန်မှာကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်နဲ့ နောက်လမှာ ဂျာမနီမှာ ကျင်းပမယ့် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲတွေ အတွက် စပိန်မှာ ရောင်းချမယ့် ဘောလုံးအသင်းအင်္ကျီ အတုတွေ ၁၁ တန်ကို ဖမ်းမိ သိမ်းဆည်းခဲ့တယ်လို့ မေလ ၃၁ ရက်မှာ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ကုန်ပစ္စည်းတွေထဲမှာ ပေါ်တူဂီကစားသမား ခရစ္စတီယာနို ရော်နယ်ဒို၊ ပြင်သစ်မှ ကီလီယန် အမ်ဘာပေ၊ စပိန်နိုင်ငံ လက်ရွေးစင်အသင်း၊ ရီးရဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှ အသင်းအင်္ကျီတွေ ပါဝင်နေပါတယ်။
အေးဂျင့်တွေဟာ အကြီးစားကုန်ကား ၁၅ စီးကို ရှာဖွေချိန်မှာ ဇိမ်ခံလက်ပတ်နာရီတွေ၊ သားရေပစ္စည်းတွေနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေလို တခြား အတုပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေ ကြားမှာ ဂျာစီအင်္ကျီအတုတွေကို တွေ့ရှိခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက တရုတ်နိုင်ငံမှ ပေးပို့တဲ့ စပိန်ဘောလုံးအသင်းတွေရဲ့ အင်္ကျီအတုတွေ ၂ တန် လောက်ကို သိမ်းဆည်းရမိခဲ့ချိန်မှာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။
ချန်ပီယံလိဂ် ဖိုင်နယ်နဲ့ ယူရိုဖိုင်နယ်ပွဲတွေ မတိုင်ခင်မှာ စပိန်ကို သင်္ဘောတင်ပို့မှု အကြီးစား တခု ရှိနေတာကို ရဲတွေက တွေ့ရှိခဲ့ပြီးနောက်မှာ အေးဂျင့် ၂၀ ကျော်နဲ့ စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အရောင်းအဝယ်လုပ်မယ့် ကုန်ပစ္စည်းတစ်ခုလုံးရဲ့ စျေးကွက်တန်ဖိုးမှာ ယူရို ၆ သန်း (ဒေါ်လာ ၆ သန်းခွဲ) ကျော်ရှိမယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
Source-Reuters
Photo-Reuters