Home
မြန်မာသတင်း
မြင်းခြံတွင် စစ်သားနှင့် ပျူစောထီးများကို ၁ လအတွင်း ၄၂ ကြိမ် ဗုံးကြဲတိုက်ခိုက်
DVB
·
June 1, 2024
Photos Crd- NRDF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေကို ဧပြီ ၂၉ ရက်ကနေ မေ ၂၅ ရက်အထိ ၄၂ ကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း (NRDF) ကနေ သိရပါတယ်။

NRDF ဒရုန်းတပ်ဖွဲ့ဝင်တဦးက “ရက်ပေါင်း ၁၇ ရက်မှာ ၄၂ ကြိမ်အထိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့လို့ စစ်‌ေ–းနဲ့ ပျူ‌ေ–းတွေ သေဆုံးဒဏ်ရာရတာ အများအပြားရှိပါတယ်” လို့ ပြောပါတယ်။

NRDF ဟာ လေးရွာဆုံကျေးရွာတင်မကဘဲ မြင်းခြံမြို့နယ်ထဲက စစ်ကောင်စီတပ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့ ကျေးရွာတွေနဲ့ ဂိတ်စခန်းတွေကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

NRDF တာဝန်ခံတဦးကလည်း “လေးရွာဆုံကျေးရွာက ‌ေ–းတွေရှိတဲ့နေရာတင် တလအတွင်း ၄၂ ကြိမ်ပါ။ တခြားရွာတွေမှာ တပ်စွဲထားတဲ့ စခ၊ ပခတွေနဲ့ ဂိတ်ဖွင့်ပြီး ပြည်သူတွေဆီကနေ ပိုက်ဆံတောင်းစားနေတဲ့ ‌ေ–းဂိတ်တွေကိုပါ မြေပြင်နဲ့ ဝေဟင် ပူးပေါင်းတိုက်ခိုက်ခဲ့တာတွေ အများကြီးရှိခဲ့ပါသေးတယ်” လို့ ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း (NRDF) ရဲ့ ဒရုန်းတပ်ဖွဲ့က Shar Htoo WOW နည်းပညာသုံး Fixed Wings Drone တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013