မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေရဲ့ ပစ်မှတ်နည်းပြဖြစ်ခဲ့သူ မက်ကန်နာဟာ အစ်ဆွစ်အသင်းနဲ့ ၄ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
အသက် ၃၈ နှစ်ရှိ မက်ကန်နာဟာ အစ်ဆွစ်ကို နှစ်ရာသီဆက် တိုက် တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။
အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်မိပြီး ၂၂ နှစ် အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အစ်ဆွစ်အသင်းကို ဦးဆောင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်း မက်ကန်နာက ပြောပါတယ်။
မက်ကန်နာဟာ မန်ယူ အသင်းပရိသတ်ဖြစ်သလို လက်ထောက်နည်းပြအနေနဲ့လည်း တာဝန်ယူခဲ့သူပါ။
အစ်ဆွစ်နဲ့ နှစ်ရှည် သက်တမ်းတိုးခဲ့တာကြောင့် ထိပ်တန်းအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေဟာလည်း အဆုံး သတ်သွားခဲ့ပြီ ဖြစ်ပါတယ်။