တောင်အာဖရိက ရွေးကောက်ပွဲမှာ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ပါတီဟာ အနှစ် ၃၀ ကျော် စွဲကိုင်လာခဲ့တဲ့ လွှတ်တော်လူများစုနေရာကို ဆုံးရှုံးရတော့မှာဖြစ်တယ်လို့ ခန့်မှန်းဖော်ပြကြပါတယ်။
နယ်လ်ဆင်မင်ဒဲလားရဲ့ ANC ပါတီဟာ အင်အားအကြီးဆုံးပါတီအဖြစ် ဆက်ရှိမှာဖြစ်ပေမဲ့ မဲထက်ဝက်မကျော်တဲ့အတွက် တပါတီတည်း အုပ်စိုးမှု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ANC ပဲ ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေ များနေပါတယ်။
မေ ၂၉ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွက် မဲထက်ဝက်နီးပါး ရေတွက်ပြီးချိန်မှာ ANC က ၄၂ ရာခိုင်နှုန်းကျော်သာ ရထားပါတယ်။
အဓိက အတိုက်အခံ ဒီမိုကရက်တစ်တပ်ပေါင်းစုက ၂၃ ရာခိုင်နှုန်းကျော် ရထားပြီး ANC က ခွဲထွက်ထားတဲ့ သမ္မတဟောင်း ဂျက်ကော့ဇူးမားရဲ့ MK ပါတီက ၁၀ ရာခိုင်နှုန်းကျော် ရထားပါတယ်။
မူလက လွှတ်တော်မှာ တတိယအင်အားအကြီးဆုံးဖြစ်တဲ့ လက်ဝဲယိမ်း EFF ပါတီတောင် ၉ ရာခိုင်နှုန်းကျော်နဲ့ MK အောက် ရောက်သွားပါတယ်။
လေ့လာသူတွေကတော့ MK ပါတီ ပေါ်လာတာဟာ ANC ကို အဓိက မဲကွဲစေတဲ့ အကြောင်းရင်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
Source-Reuters
Photo-Reuters