Home
နိုင်ငံတကာ
NATO မဟာမိတ်နယ်မြေများကို ကာကွယ်ရန် အသင့်ရှိဟု ဂျာမနီ ပြော
DVB
·
May 31, 2024
Photo -REUTERS

ဂျာမန်တပ်ဖွဲ့တွေဟာ လစ်သူယေးနီးယားနိုင်ငံမှာ အဓိက စစ်ရေးလေ့ကျင့်မှုကို ပြီးမြောက်ခဲ့ချိန်မှာ ဂျာမန်နဲ့ NATO တပ်ဖွဲ့တွေဟာ NATO မဟာမိတ်နယ်မြေတွေရဲ့ မြေတလက်မတိုင်းကို ကာကွယ်ဖို့ အဆင်သင့်ပဲလို့ ဂျာမန်အကြီးတန်း အရာရှိတဦးက မေ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

NATO တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီး ယိုဝါကင်မ်ရူးလဲက “ဂျာမနီ၊ NATO၊ လစ်သူယေးနီးယားနဲ့ ကျွန်ုပ်တို့အားလုံးဟာ NATO နယ်မြေရဲ့ မြောက်မှတောင်၊ အရှေ့မှ အနောက်ကို အချိန်တိုင်း ကာကွယ်ဖို့ ဆန္ဒရှိပြီး စွမ်းဆောင်နိုင်စွမ်းလည်းရှိတယ်”လို့ ပြောပါတယ်။

ဂျာမန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ မြန်မြန်ဆန်ဆန် တပ်ဖြန့်မှုအပေါ် ရည်ရွယ်လုပ်ဆောင်တဲ့ ကွာဒရီဂါ ၂၀၂၄ စစ်ရေးလေ့ကျင့်ပွဲမှာ NATO ရဲ့ စုပေါင်းကာကွယ်ရေး သဘောတူစာချုပ် အပိုဒ် ၅ ကို တုံ့ပြန် ပြောဆိုခဲ့တာပါ။

ဂျာမန် ကာကွယ်ရေးဦးစီးချုပ် ကာစတန် ဘရောင်ဝါကလည်း “ဒီကနေ့ စစ်ရေးလေ့ကျင့်ခန်းဟာ ရုရှားကို ဟန့်တားတဲ့ သတင်းစကား၊ မဟာမိတ်တွေအတွက် အထူးသဖြင့် လစ်သူယေးနီးယားအတွက် ဂျာမန်ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ စိတ်ပိုင်းဖြတ်ထားမှု သတင်းစကား၊ ဂျာမနီက လူ့အဖွဲ့အစည်းထဲကိုပါးတဲ့ သတင်းစကားလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

ဂျာမန်စစ်တပ်ဟာ အမျိုးသားကာကွယ်ရေးနဲ့ မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေး ဆိုတဲ့ လမ်းကြောင်းကို ပြတ်ပြတ်သားသား လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ရုရှားတပ်တွေက NATO နယ်မြေကို တိုက်ခိုက်ဖို့အတွက် ပြန်လည်ဖွဲ့စည်းမှုဟာ ဖြစ်နိုင်ချေရှိတဲ့ အဆင့်ရောက်ဖို့ အချိန်က ၅ နှစ်ကနေ ၈ နှစ်အထိ လိုအပ်နိုင်ပြီး ဂျာမန်စစ်တပ်က အဆင်သင့်ဖြစ်နေမှုနဲ့ လိုအပ်တာတွေ အားလုံး လုပ်ဆောင်ထားပြီးဖြစ်တဲ့ ၅ နှစ်ကနေ ၈ နှစ်ဆိုတဲ့အချိန်ကို အခုပဲ ရထားပါပြီလို့လည်း ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ မဟာမိတ်အဖွဲ့ဝင် ၃၂ နိုင်ငံမှ တပ်ဖွဲ့ဝင်တွေ ပါဝင်လေ့ကျင့်ခဲ့ပေမဲ့ NATO ကို တိုက်ခိုက်တဲ့ ဖြစ်ရပ်မှာ ဂျာမန်တပ်တွေကို အရှေ့ဘက်ခြမ်းကို ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဂျာမန်မြေပြင်တပ်ဖွဲ့တွေရဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း ဂျာမန်စစ်တပ်က ပြောကြားခဲ့ပါတယ်။

Source-Reuters

 Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013