အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းတလွှားမှာ အစွန်းရောက်အပူချိန် လွှမ်းခြုံနေပြီး နယူးဒေလီမြို့တော်မှာ မှတ်တမ်းစတဲ့ ကာလတလျှောက်လုံး အမြင့်ဆုံး အပူချိန်အဖြစ် မေ ၂၉ ရက်မှာ ၅၂ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ စံချိန်သစ်တင်ခဲ့ပါတယ်။
အရင်သီတင်းပတ်ကတည်းက အိန္ဒိယရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေမှာ အပူလှိုင်း တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားရပြီး ပြည်သူတွေကတော့ အခန်းတွင်းမှာ ခိုလှုံနေခဲ့ရတာပါ။
ဒါပေမဲ့ ဒေလီမြို့တော်ရဲ့ လူနေသိပ်သည်းတဲ့ မွန်ဂေ့ရှ်ပူရ်ရပ်ကွက်မှာ ဗုဒ္ဓဟူးနေ့ အပူချိန်က ၅၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကျော်ခဲ့တယ်လို့ မိုးလေဝသအရာရှိက ပြောပါတယ်။
အိန္ဒိယမြို့တော်ဟာ အရင်နှစ်တွေက အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်ခဲ့ပေမဲ့ တခါမှတော့ ၅၂ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ်ကို မရောက်ခဲ့ဖူးပါဘူး။
အပူရှောင်ဖို့ လူတွေအများစုက လမ်းမထွက်ကြတဲ့အတွက် ဖောက်သည်မျှော်တဲ့ ဆိုက်ကား မောင်းသူတွေ အပူထဲမှာ စောင့်နေရပါတယ်။
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ဒေလီရဲ့ တချို့နေရာတွေ မိုးရွာလို့ အပူသက်သာခဲ့ပေမယ့် အပူလှိုင်းကတော့ အိန္ဒိယအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ သီတင်းပတ် နှောင်းပိုင်းအထိ ဆက်ရှိနေမယ်လို့ မိုးလေဝသ အရာရှိတွေက ခန့်မှန်းထားပါတယ်။