တော်လှန်လှိုင်းကြီး အာဏာတဇောက်ကန်း စုံးစုံးမြုပ်ခါနီးပြီ။ တော်လှန်ခရီးမှာ အားမလျှော့ မာန်မလျှော့ ယနေ့ထိတိုင် ကျရာတာဝန်ကို သွေးမကြောင် ဘေးမရှောင် သမိုင်းအသိနဲ့ ပါဝင်နေသူ နွေဦးပြည်သူ တယောက်ချင်းစီတိုင်းကို ဦးညွှတ်တန်ဖိုးထား လေးစား ဂုဏ်ယူအပ်ပါတယ်။
ဒီတပတ်မှာတော့ နွေဦးပြည်သူတို့အတွက် တရော်ပင် ဆေးဖက်ဝင်အကြောင်းကို လက်တကမ်း ဆေးပညာမှ တင်ပြသွားမှာဖြစ်ပါတယ်။
တရော်ပင်ကို သိပ္ပံလို Grewia asiatica အင်္ဂလိပ်လို တရော်၊ phassa, falsa, grewia, နဲ့ falsa စသဖြင့်ခေါ်ကြပါတယ်။
ဆေးဘက်ဆိုင်ရာမှာ တရော်ပင်ရဲ့ အသီး၊ အရွက်၊ အခေါက်နဲ့ အမြစ်တို့ကို အဓိက သုံးစွဲကြပါတယ်။
တရော်ပင်မှာ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ-၃၊ အမျှင်ဓာတ် ပရိုတိန်း၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ဖက်တီးအက်စစ် စတဲ့ အာဟာရဆိုင်ရာ သတ္တုဓာတ်များနဲ့ alkaloid, flavonoid, isoflavones, phenolic acid, lignans, terpenoids, steroid, alkane, alkynes, alcohol, aldehyde, ketone, organic acid, ester, triterpene၊ alkaloid၊ hydrocarbon၊ နဲ့ leuco-anthocynidin စတဲ့ကျန်းမာရေးအထောက်အကူပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပါ တယ်။ .
အရွက်များမှာ ပိုးသတ်ဆေး၊ ကင်ဆာရောဂါ၊ ဆီးကျိတ်ကင်ဆာနဲ့ ဆန့်ကျင်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်တွေပါရှိပါတယ်။ အသီးမှာ ကင်ဆာရောဂါ၊ ရေဒီယိုဓာတ်ကာကွယ်မှုနဲ့ သွေးတွင်းသကြားဓာတ်ကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး ပင်စည်အခေါက်မှာ အကိုက်အခဲပျောက်ဆေးနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ရှိပါတယ်။
အသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပြီး၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ သွေးတွင်းဂလူးကို့စ်ပမာဏကို လျှော့ချပေးနိုင်ခြင်း၊ ပုံမှန်မဟုတ်တဲ့ ဆဲလ်များပွားခြင်း ကို ဟန့်တားခြင်း၊ နှလုံးကို အကာအကွယ်ပေးခြင်းနဲ့ နာကျင်မှုကိုလျော့ချပေးနိုင်တဲ့ အကိုက်အခဲပျောက်ဆေးအာနိသင်တွေ ပါဝင်ပါတယ်။
ပင်ကိုယ်ဆိုဒီယမ်ပါဝင်မှုမြင့်မားတာကြောင့် တရော်ဟာ သွေးကြောအတွင်းရှိ ဆိုဒီယမ်၊ ပိုတက်စီယမ်နဲ့ ကလိုရိုက်တို့ဖြစ်တဲ့ အဓိကအိုင်းယွန်းတွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးပြီး ကိုယ်တွင်းလျှပ်လိုက်ဓာတ်တွေ မညီမျှမှုကို ထိန်းညှိ ပေးပါတယ်။
တရော်သီးမှာ သံဓာတ်ပါအများအပြားဝင်ပြီး ကိုယ်တွင်း အင်္ဂါတွေနဲ့ တစ်ရှူးတွေအတွင်း သွေးစီးဆင်းမှုကို ချောမွေ့စေတဲ့အပြင် အသီးမှည့်ကို စားသုံးခြင်းဖြင့် သံဓာတ်ပါဝင်မှုနှုန်း ကို မြှင့်တင်ပေးကာ သံဓာတ်ချို့တဲ့ခြင်း၊သွေးအား နည်းခြင်း၊ မူးဝေခြင်းနဲ့ ပင်ပန်းနွမ်းနယ် ခြင်းတို့ကို သက်သာစေပါတယ်။
မမှည့်သေးတဲ့ တရော်သီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် အရိုးအဆစ်တွေ ပြင်းထန်စွာ နာကျင်ကိုက်ခဲမှုကို သက်သာစေစေပြီး အဆစ်အမြစ်ရောင်ရောဂါနဲ့ အရိုးပွရောဂါတွေကို သက်သာစေပြီး အဆစ်တွေ လှုပ်ရှားနိုင်မှုကိုလည်း တိုးမြှင့်ပေးပါတယ်။
တရော်သီးမှာ မြင့်မားတဲ့ရေဓာတ် ပါဝင်တဲ့အတွက် ပူပြင်းတဲ့ကာလနဲ့ ဖျားနာနေချိန်မှာ တရော်သီးဖျော်ရည်ကို ထန်းလျက် အနည်းငယ်နဲ့စားသုံးတာက ခန္ဓာကိုယ်ကို အေးမြ စေကာ အပူဒဏ်မှ ချက်ချင်းသက်သာရာရစေတဲ့ သဘာဝအစားအစာဖြစ်ပါတယ်။
တရော်သီးဖျော်ရည်ကို သံပရာသီးနဲ့ ဂျင်းအနှစ်တို့နဲ့အတူ စားသုံးခြင်းက ပန်းနာရင်ကျပ်၊ လည်ချောင်းနာ၊ အအေးမိ၊ ချောင်းဆိုးခြင်း အဆုတ်ပွခြင်း စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေပါတယ်။
တရော်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး အဆစ်အမြစ်ကိုက်ခဲတာကို သက်သာစေတဲ့အပြင် ငှက်ဖျားရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ ရာသီအလိုက်နဲ့ နာတာရှည်ရောဂါများကို ထိရောက်စွာ လျှော့ချပေးပါတယ်။
တရော်အသီးမှာ polyphenol ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် တရော်သီး အနည်းငယ် စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်ခြင်းကို သက်သာစေပါတယ်။ ဆီးချိုရောဂါရှိသူများ တရော်အသီးကို အစားအသောက်များမှာ ထည့်သွင်း စားသောက်ပေးနိုင်ပါတယ်။
တရော်မှာ ပိုတက်စီယမ်နဲ့ ဖော့စဖရပ် သတ္တုဓာတ်တွေက သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကျဆင်းစေအောင် လုပ်ဆောင် ပေးပါတယ်။
တရော်မှာ tannin၊ anthocyanin ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် သွေးကြောအတွင်း အဆီများ စုပုံလာခြင်းနဲ့ သွေးကြောများမှာ အဆီတွေ ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးတဲ့အတွက် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး သွေးကြော မာတောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်းတို့ကို ဟန့်တားပေးပါတယ်။
ဒါ့အပြင် တရော်မှာ အရေးကြီးတဲ့ အမိုင်နိုအက်ဆစ် Threonine နဲ့ Methionine နှစ်မျိုး ကြွယ်ဝစွာ ပါဝင်တာက နှလုံးကြွက်သားတွေနဲ့ တွယ်ဆက်တစ်ရှူးတွေ သန်မာစေပြီး နှလုံးကောင်းစွာအလုပ်လုပ်နိုင်ဖို့ ကူညီပေးတဲ့အပြင် နှလုံးနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ဖြစ်ပွားခြင်းကို တားဆီးပေးပါတယ်။
တရော်သီး အနည်းငယ်ကို ပုံမှန်စားပေးခြင်းဖြင့် အပူချိန်/ခန္ဓာကိုယ် အပူလျော့စေခြင်း၊ အကိုက်အခဲပျောက်စေခြင်းနဲ့ ငှက်ဖျားပိုးဝင်ခြင်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ခန္ဓာကိုယ် နာကျင်မှု၊ အဖျားနဲ့ မသက်မသာ လက္ခဏာတွေကို သိသိသာသာ သက်သာစေပါတယ်။
အပူရှပ်ခြင်း/အပူဝင်ခြင်းအတွက် တရော်သီးဖျော်ရည် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ချက်ချင်းလျော့ကျအောင် ကူညီပေးနိုင်ပါတယ်။
တရော်သီးမှာ များပြားလှတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဗေဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် တရော် စားသုံးခြင်းခြင့် နာတာရှည် ဦးနှောက်ဆိုင်ရာ ချို့ယွင်းချက်တွေကို တိုက်ဖျက်ရာမှာ ကူညီပေးပြီး အာရုံကြောဆိုင်ရာ ပြဿနာတွေကို လျော့ပါးစေပါတယ်။
တရော်မှာပါဝင်တဲ့ အက်ဆစ်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ရောင်ရမ်းမှု ဆန့်ကျင်ဓာတ်တွေက နှင်းခူနဲ့ ပိုးမွှားပြဿနာတွေကို ကာကွယ်ပေးတဲ့အပြင် အရေပြား ယားယံခြင်းကို လျှော့ချရာမှာ ထိရောက်မှုရှိပါတယ်။
တရော် အသီးမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ပွားများမှုနဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးတဲ့ Anthocyanins လို့ခေါ်တဲ့ စမတ်မော်လီကျူးများပါရှိတာကြောင့် တရော်အသီး စားပေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
တရော်မှာရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကျန်းမာရေး မြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့ အနီအောက်ရောင်ခြည်တွေကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ ဝက်ခြံနဲ့ အရေပြားရောင်ရမ်းခြင်းဆိုင်ရာ အခြေ အနေတွေကို သက်သာစေနိုင်တဲ့အပြင် အစင်းကြောင်းတွေနဲ့ တခြားအိုမင်းရင့်ရော်ခြင်း လက္ခဏာများကို လျှော့ချပေးနိုင်ပါတယ်။
တရော်မှာပါဝင်တဲ့ flavonoid နဲ့ anthocyanin ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ ကြွက်သားအားနည်းခြင်းနဲ့ အတွင်းတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
တရော်ရဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေက အဆစ်ကျန်းမာရေးကို မြှင့်တင်ပေးပြီး အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ အဆစ်အမြစ်ရောင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
တရော်မှာ ပါဝင်တဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေက အသက်ရှူလမ်းကြောင်းအတွင်း ရောင်ရမ်းမှုကို လျှော့ချပေးကာ ပန်းနာရင်ကျပ်နဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါမှာ တရော်သီး စားပေးခြင်းဖြင့် သလိပ်ရစေပြီး အသက်ရှူချောင်စေပါတယ်။
တရော်သီးမှာ ဖီနော၊ အန်သိုဆိုက်ယာနင်၊ ဖလေဗွန်နွိုက်စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှု ကို လျှော့ချပေးနိုင်ပါတယ်။ တရော်သီး စားပေးခြင်းဖြင့် ပျို့အန်ခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို ထိန်းချုပ်ရာမှာ ကူညီပေးတဲါအပြင် သွေးကိုလည်း သန့်စင်စေပါတယ်။
တရော်မှာရှိတဲ့ အမျှင်ဓာတ်ဟာ အကျိုးပြု ဘက်တီးရီးယားတွေကို အာဟာရဖြည့်တင်းပေးပြီး အစာခြေခြင်း၊ အာဟာရစုပ်ယူမှုကို ကောင်းမွန်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာခြေစနစ်ကို ထိန်းသိမ်းကာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
ဗီတာမင်စီ ကြွယ်ဝတဲ့အသီး ဖြစ်တာကြောင့် တရော်ကို ပုံမှန်တဲ့ စားသုံးတာက ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဖျားနာမှုအန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အပြင် ဒဏ်ရာများနဲ့ အနာများကို အမြန်ကျက်စေပါတယ်။ တရော်ရွက်ကို ခေါင်းလျှော်ရာမှာ ထည့်သွင်းအသုံးပြုဖြင်းဖြင့် ဦးရေပြားကျန်းမာရေးကို အကျိုးပြုပါတယ်။
တရော်သီးကို သင့်တင့်အောင် စားသောက်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ပြီး အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးတွင်းဂလူးကို့စ်အဆင့်ကို အလွန်နိမ့်ကျစေနိုင်ပါတယ်။ တရော်သီးမှာ တန်နင်ဓာတ် ကြွယ်ဝတာကြောင့် အလွန်အကျွံ စားသုံးပါက အစာရေမျိုပြွန်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ခန္ဓာကိုယ်အပူချိန် အလွန်အမင်း အတက်အကျ ဖြစ်စေနိုင်တာကြောင့် တရော်ကို အလွန်အကျွံ မစားသုံးသင့်ပါ။
တရော်မှာ oxalate ပါ၀င်တာကြောင့် ကျောက်ကပ် ကျောက်တည်ဖူးသူများ ရှောင်ကြဥ်သင့်ပါတယ်။ တရော်နဲ့ ဓာတ်မတည့်သူများ တရော်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ပါ။
နွေဦးပြည်သူများ တရော်ပင်ရဲ့ ကျန်းမာရေး အကျိုးအာနိသင်များကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
ပန်းတိုင်မှာ အတူတကွ ပြန်ဆုံကြပါစို့။