Home
နိုင်ငံတကာ
ဗြိတိန် အတိုက်အခံ လေဘာပါတီကို စီးပွားရေးသမား ၁၀၀ ကျော် ကျောထောက်နောက်ခံပေး
DVB
·
May 29, 2024
UKLaborParty_29052024

ဗြိတိန်ရဲ့ အတိုက်အခံ လေဘာပါတီက ဇူလိုင် ၄ ရက် ရွေးကောက်ပွဲမတိုင်မီ သူ့ကို စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်က ထောက်ခံခဲ့ကြတယ်လို့ ပြောပါတယ်။

စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ တုံ့ဆိုင်းနေတဲ့ ဗြိတိန်ဟာ မတည်ငြိမ်မှုတွေနဲ့ တိုးတက်မှု ဆိတ်သုဉ်းနေတာတွေကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ အတိုက်အခံပါတီက ပြောပါတယ်။

ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ရဲ့ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီဟာ ပုံမှန်အားဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ပါတီ ဖြစ်ပေမဲ့ လေဘာပါတီရဲ့ ဘဏ္ဍာရေးမူဝါဒ အကြီးအကဲ ရေချယ် ရီးဗ်စ်ကတော့ နိုင်ငံ့စီးပွားရေးကို လည်ပတ်ဆောင်ရွက်ဖို့ သူ့ပါတီက ယုံကြည်စိတ်ချရကြောင်း ပြသနိုင်ရေး စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေကို နှစ်ပေါင်းများစွာ ကြာအောင် ဖိတ်ခေါ်ခဲ့တာပါ။

အခုထောက်ခံချက်ကြောင့် လေဘာပါတီဟာ ဗြိတိန်ဆီ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ဆောင်ကြဉ်းလာနိုင်တယ်လို့ မေ ၂၈ ရက် မိန့်ခွန်းမှာ ရီးဗ်စ်က ပြောပါတယ်။

လေဘာပါတီဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ သဘာဝမိတ်ဖက်၊ တိုးတက်မှုရဲ့ပါတီ၊ လုပ်ငန်းတွေရဲ့ ပါတီအဖြစ် အသိအမှတ်ပြုခံရပါတယ်လို့ ဒါဘီရှိုင်းယားမြို့နယ်က ပွဲတခုမှာ ရီးဗ်စ်က ပြောပါတယ်။

လက်လီ၊ ကြော်ငြာ၊ ခရီးသွားနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကြီးတွေက လက်ရှိနဲ့ လက်ဟောင်း အမှုဆောင်အရာရှိချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့စာဟာ လေဘာပါတီ ပြောင်းလဲသွားကြောင်း ပြသခဲ့ပြီး နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ဖို့ အခွင့်အရေးပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခဲ့တဲ့ အဓိကအဖိုးတန် အရည်အချင်းတချို့ကို ပြန်ပြင်ဆင်ပြီး ချမ်းသာသူတွေအပေါ် အခွန်တိုးကောက်ဖို့ လက်ဝဲယိမ်းအမတ် ဂျေရမီ ကော်ဘင်ရဲ့ပါတီ မဟုတ်တော့ဘူးဆိုတဲ့ ထောက်ခံအတည်ပြုချက်ကို လေဘာပါတီက မျှော်လင့်နေပါတယ်။

ခုတော့ လေဘာပါတီဟာ ၁ နှစ်နီးပါး စစ်တမ်းတွေအတွင်း အမှတ် ၂၀ ဝန်းကျင်နဲ့ ဦးဆောင်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားပြီးကတည်းက ဗြိတိန်ရဲ့ စီးပွားရေး စွမ်းဆောင်ရည်ဟာ ဂျာမနီကလွဲရင် အင်အားကြီး ၇ နိုင်ငံအုပ်စု G7 မှာ အနိမ့်ဆုံးဖြစ်ပြီး အကြွေးမြင့်မားမှုကြောင့် တိုးတက်မှုနှေးကွေးတဲ့ လမ်းကြောင်းထဲမှာ ပိတ်မိနေပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013