Home
မြန်မာသတင်း
ချင်းမိုင် Pride ပွဲတော်တွင် မင်္ဂလာဆောင်ခဲ့သည့် မြန်မာလိင်တူချစ်သူစုံတွဲ
DVB
·
May 28, 2024
Mal & Nyan PrideWedding1_28052024
Mal & Nyan PrideWedding2_28052024
Mal & Nyan PrideWedding3_28052024

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ Chiang Mai Pride 2024 ပွဲမှာ  မြန်မာနိုင်ငံသား လိင်တူချစ်သူ နှစ်ဦးဖြစ်တဲ့ ဉာဏ်နဲ့ မယ်တို့လည်းပါဝင်ဆင်နွှဲ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။

ဉာဏ်နဲ့ မယ်တို့ဟာ လုပ်ငန်းသဘောအရ အွန်လိုင်းပေါ်မှာ တွေ့ဖူးခဲ့ကြပေမဲ့ ၂ဝ၂၂ ခုနှစ်၊ ၈ လပိုင်းမှာမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အစည်းအဝေးတခုမှာ မမျှော်လင့်ဘဲ လူချင်းတွေ့ဆုံခဲ့ရာကနေ အခုတော့ နှစ်ဦးသဘောတူ မင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။

ထိုင်းနိုင်ငံဟာ လိင်တူချင်းလက်ထက်မှုကို တရားဝင်အသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်လာမယ့် ရှေ့ပြေးအခြေအနေတွေ ရှိနေပေမဲ့ လက်ရှိအချိန်အထိတော့ တရားဝင်ဥပဒေ မပြဋ္ဌာန်းရသေးပါဘူး။

ဒါကြောင့် သူတို့ လိင်တူချစ်သူနှစ်ဦးရဲ့ မင်္ဂလာပွဲလေးက ထိုင်းအစိုးရရဲ့ တရားဝင် အသိအမှတ်ပြုမှုအရ ပြုလုပ်တာမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအတွက် Pride လှုပ်ရှားမှုရဲ့အားကို ယူပြီး အခုလို လက်ထပ်ပွဲပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဉာဏ်က ပြောပါတယ်။

၂ဝ၂၄ ခုနှစ်အတွက် ထိုင်းနိုင်ငံရဲ့ ပထမဆုံး Pride လ အထိမ်းအမှတ်ပွဲတော်ကို ချင်းမိုင်မြို့မှာ မေလ ၂၆ ရက် ညနေက ပြုလုပ်ခဲ့ရာမှာ နိုင်ငံခြားသားခရီးသွားတွေအပါအဝင် လူပေါင်း ၅ဝဝဝ ကျော်ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ချင်းမိုင်မှာ နှစ်တိုင်းပြုလုပ်တဲ့ Pride မှာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQIAN+ တို့ရဲ့ အခွင့်အရေးအတွက် ချီတက်ပွဲတွေအပြင် ယဉ်ကျေးမှုဖျော်ဖြေပွဲတွေ၊ ဂီတ၊ အကနဲ့ ယဉ်ကျေးမှုကွဲပြားမှုနဲ့ တီထွင်ဖန်တီးမှုတွေကို ပြသတဲ့ ဖျော်ဖြေပွဲတွေလည်း ပါဝင်ပါတယ်။

ဖူးအိအိနွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013