မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်တပတ်အတွင်းမှာ ဆုံးဖြတ်သွားဖို့ ရှိပါတယ်။
ဟော်လန်နည်းပြဟာ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး အဆင့်ရပ်တည်မှုအနေနဲ့ အဆင့် ၈ အထိ ကျဆင်းခဲ့ရပေမဲ့ FA ဖလားမှာတော့ ချန်ပီယံမန်စီးတီးကို အနိုင်ယူပြီး ဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းရဲ့ အခြေအနေအရပ်အရပ်ကို ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီနောက်မှာ နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ကိုပါ ဆုံးဖြတ်သွားမှာပါ။
မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ခံရတဲ့ နည်းပြ ပိုချက်တီနိုနဲ့ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့် တို့ကိုလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
နည်းပြ တန်ဟတ်ဂ်ဘက်ကတော့ အနာဂတ်နဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိရှိလိုနေပြီး တာဝန်ရှိသူတွေဘက်က အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
Photo-Reuters