Home
နိုင်ငံတကာ
ပါပူအာနယူးဂီနီမြောက်ပိုင်း၌ မြေပြိုပြီး လူ ၂၀၀၀ ကျော် မြေမြုပ်သေဆုံးနိုင်
DVB
·
May 28, 2024
Aftermath of a landslide in Enga Province

ပါပူအာနယူးဂီနီနိုင်ငံ မြောက်ပိုင်းမှာ မြေပြိုလို့ လူပေါင်း ၂၀၀၀ ကျော် အရှင်လတ်လတ် မြေမြုပ်သေဆုံးခဲ့တယ်လို့ ယုံကြည်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ကုလသမဂ္ဂကို ပြောကြားလိုက်ပြီး နိုင်ငံတကာအကူအညီတွေ တရားဝင်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရဲ့မြောက်ဘက် အန်ဂါပြည်နယ်က ယမ်ဘာလီရွာတဝိုက်မှာ မေလ ၂၄ ရက်ကစပြီး မြေပြိုမှု ဆက်တိုက်ဖြစ်လာနေလို့ သေဆုံးသူဦးရေကို ဒေသန္တရ အာဏာပိုင်တွေကခန့်မှန်းထားတာ ဖြစ်ပါတယ်။

အမျိုးသားသဘာဝကပ်ဘေးဗဟိုဌာနက မေ ၂၇ ရက်မှာ လူသိရှင်ကြား ထုတ်ပြန်တဲ့ ကုလသမဂ္ဂဆီပေးပို့တဲ့စာမှာ သေဆုံးသူအယောက် ၂,၀၀၀ လို့ ခန့်မှန်းထားထားသလို မြေပြိုမှုကြောင့် အဆောက်အအုံတွေနဲ့ စိုက်ပျိုးရေးဥယျာဉ်တွေ ကြီးကြီးမားမား ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးနေကြပြီး စိတ်မချရတဲ့ မြေမျက်နှာသွင်ပြင်နဲ့ ဝေးလံသီခေါင်တဲ့ဒေသဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့  ပိုမိုဆိုးရွားစေခဲ့ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013