Home
နိုင်ငံတကာ
နစ်ကီမီနာ့ဂျ် ယာယီထိန်းသိမ်းခံရပြီး မန်ချက်စတာရှိုးပွဲ ပျက်
DVB
·
May 26, 2024
The Met Gala red carpet arrivals in New York City

အမေရိကန်ရက်ပါ နစ်ကီမီနာ့ဂျ်ဟာ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က ရှစ်ပယ်လ် လေဆိပ်မှာ အပျော့စားဆေးဝါး လက်ဝယ်ရှိမှုနဲ့ ယာယီထိန်းသိမ်းခံရတာကြောင့် ယူကေနိုင်ငံ၊ မန်ချက်စတာမြို့မှာ မေ ၂၅ ရက် ညပိုင်း ကျင်းပမယ့်ရှိုးပွဲ ပျက်သွားခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အပျော့စားဆေးဝါး ဆိုတာ ဆေးခြောက်နဲ့ စိတ်ငြိမ်ဆေးလိုဟာမျိုးတွေကို ပြောတာဖြစ်တယ်လို့ နယ်သာလန်အစိုးရဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

နစ်ကီအနေနဲ့ ရှိုးပွဲဖြစ်မြောက်ရေးနည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပေမဲ့ မဖြစ်နိုင်တော့ဘူးလို့ ပွဲစီစဉ်သူတွေက X လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။ 

ဒတ်ချ် စစ်ရဲတပ်ဖွဲ့က အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတယောက်ကို အပျော့စားဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ပြီး ဒီလိုပစ္စည်းမျိုးကို နယ်သာလန်နိုင်ငံ ပြင်ပကို သယ်ထုတ်တာ ပိတ်ပင်ထားတယ်လို့လည်း ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့က မည်သူမည်ဝါဆိုတာ မဖော်ပြပေမဲ့ ဒဏ်ကြေးရိုက်ပြီး ဂရင်းနစ်စံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ပြန်လွတ်လာချိန်ဟာ မန်ချက်စတာမှာ နစ်ကီမီနာ့ဂျ်ရဲ့ ရှိုး ပွဲစရမယ့်အချိန်ကို ၄၅ မိနစ် ကျော်သွားပြီ ဖြစ်ပါတယ်။

Source/Photo - REUTERS/Carlos Barria

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013