Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်နေရာ အစားဝင်ရန် အသင့်မဖြစ်သေးဟု ဖဲထောင်ထန်းရှင်နာဝပ် ပြောကြား
DVB
·
May 26, 2024
FILE PHOTO: Thailand general election

ဝန်ကြီးချုပ်နေရာ တာဝန်ယူဖို့ အသင့်မဖြစ်သေးဘူးလို့ အာဏာရ ဖွေ့ထိုင်းပါတီခေါင်းဆောင် ဖဲထောင်ထန်းရှင်နာဝပ်က ပြောကြားလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ 

လက်ရှိဝန်ကြီးချုပ် ဆေထာထဝီးဆင်ဟာ အကျဉ်းကျဖူးတဲ့ မှတ်တမ်းရှိသူကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုကြောင့် ဖွဲ့စည်းပုံခုံရုံးမှာ တိုင်ကြားခံထားရပါတယ်။

တကယ်လို့ ဆေထာမှာ အပြစ်ရှိတယ်လို့သာ ခုံရုံးက ဆုံးဖြတ်ရင် ရာထူးကဆင်းပေးရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီး၊ ဝန်ကြီးချုပ်ဟောင်း ယင်လက်ခ်ရှင်နာဝပ်ရဲ့ တူမ၊ ရှင်နာဝပ်မျိုးဆက်သစ်ခေါင်းဆောင် ဖဲထောင်ထန်းဟာ ရွေးကောက်ပွဲမှာ ဖွေ့ထိုင်းပါတီဘက်က တင်ပြတဲ့ ဝန်ကြီးချုပ်လောင်းနှစ်ဦးထဲက တဦးဖြစ်ပါတယ်။ 

ဒါပေမဲ့ ဝန်ကြီးချုပ်တာဝန်ယူဖို့ မပြင်ဆင်ရသေးဘူးလို့ ဖဲထောင်ထန်းက ငြင်းဆိုခဲ့ပါတယ်။ ခုံရုံးကလည်း ဝန်ကြီးချုပ်ကို ဖယ်ရှားမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြောင်းလည်း ဖွေ့ထိုင်းပါတီ ခေါင်းဆောင်က ပြောပါတယ်။

ပါတီခေါင်းဆောင်တာဝန်နဲ့ အစိုးရရဲ့ ဆော့ဖ်ပါဝါဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌတာဝန်သာ ဆက်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ထိုင်းစစ်တပ်ကခန့်တဲ့ အထက်လွှတ်တော်အမတ် ၄၀ ရဲ့ တိုင်ကြားလွှာကို ခုံရုံးက လက်ခံခဲ့ပေမဲ့ စစ်ဆေးနေစဉ်အတွင်း ရာထူးက ဆိုင်းငံ့ဖို့ကိုတော့ လက်မခံခဲ့ပါဘူး။

Source/Photo - REUTERS/Athit Perawongmetha

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013