ထိုင်ဝမ်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကျွန်းတဝိုက်မှာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်ပြီး နောက်ယောင်ခံ လိုက်ဖို့အတွက် F-16 တိုက်လေယာဉ်တွေ၊ မိုဘိုင်း လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ထောက်လှမ်းရေးဒရုန်းတစင်းတို့တို့ကို ဖြန့်ကျက်ချထားခဲ့ကြောင်း ပြသထားတဲ့ ဗီဒီယိုဖိုင်ကို မေလ ၂၄ ရက် သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတယ် တက်လာပြီး ၃ ရက်အကြာမှာပဲ တရုတ်က ထိုင်ဝမ်ရေလက်ကြားနဲ့ တရုတ်ကမ်းရိုးတန်းအနီး ထိုင်ဝမ် ထိန်းချုပ်ထားတဲ့ ကျွန်းစုတွေအနီးမှာ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာဖြစ်ပြီး ထိုင်ဝမ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ နိုင်ငံခြားသင်္ဘောတွေက ခြောက်လှန့် ဗုံးကြဲတာမျိုးလည်း လုပ်ခဲ့ကြောင်း ဆိုပါတယ်။
တရုတ်ရဲ့ လုပ်ရပ်ကို ထိုင်ဝမ်က ရှုတ်ချခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်ကို ပိုင်းခြားထားတဲ့ ဘာရှီ ရေလက်ကြားရဲ့ အရှေ့ဘက်စွန်းအနီး မှာ တရုတ်ဗုံးကြဲလေယာဉ် အများအပြားက ခြောက်လှန့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်အကြီးတန်း လုံခြုံရေးအရာရှိတစ်ဦးက ရိုက်တာစ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီလေ့ကျင့်မှု ပမာဏဟာ ၂၀၂၂ ခုနှစ်က လုပ်ခဲ့တဲ့ အလားတူ စစ်ရေးလေ့ကျင့်မှုတွေထက် ပိုသေးငယ်ကြောင်း လေ့လာသုံးသပ်သူတွေ၊ ဒေသဆိုင်ရာသံတမန်တွေနဲ့ အကြီးတန်းထိုင်ဝမ် အရာရှိတွေက မှတ်ချက်ပြုခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ နိုင်ငံခြား တာဝန်ရှိသူတွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ပိုတွေးထားကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ မတော်တဆမှု သို့မဟုတ် မှားယွင်းတွက်ချက်မှု ဖြစ်နိုင်ခြေတွေကိုလည်း သတိပိုမြှင့်ထားပါတယ်။
Source/Photo - Reuters