ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ အဓိကအားနည်းချက်ကို အင်္ဂလန်နဲ့ အာဆင်နယ် တိုက်စစ်မှူး ဟောင်းအီရန်ရိုက်က ထောက်ပြသွားပါတယ်။
အင်္ဂလန်အသင်းဟာ ဂျာမနီက အိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ ယူရိုပြိုင်ပွဲမှာ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား အသင်းတွေနဲ့ တအုပ်စုတည်းတွေ့ဆုံနေတာပါ။
အင်္ဂလန်အသင်းရဲ့ အဓိကအားနည်းချက်က ခံစစ်ပိုင်းဖြစ်တယ်ဆိုတာ သိသာထင်ရှားပြီး နည်းပြ ဆောက်ဂိတ်အနေနဲ့ အမြန်ဆုံးအဖြေရှာသွားဖို့လိုအပ်တယ်လို့ အီရန်ရိုက်က ပြောပါတယ်။
အင်္ဂလန်ခံစစ်ပိုင်းမှာ မက်ဂွဲယား၊ ဂျွန်စတုန်းစ်၊ လုခ်ရှောနဲ့ ထရစ်ပီယာတို့က ဒဏ်ရာပြဿနာတွေ အသီးသီးရှိနေသလို ဘယ်နောက်ခံလူနေရာအတွက်လည်း ခေါင်းစားစရာဖြစ်နေရတာပါ။
တိုက်စစ်ပိုင်းကတော့ အားသာချက်အရှိဆုံးနေရာဖြစ်ပြီး ဟယ်ရီကိန်း၊ ဘယ်လင်ဂမ်၊ ဖိုဒမ်နဲ့ ကိုးလ်ပါလ်မာတို့ရဲ့ သွင်းဂိုးစွမ်းဆောင်ရည်တွေကို အီရန်ရိုက်က ချီးကျူးသွားခဲ့ပါတယ်။
Photo-Reuters