ထိုင်းနိုင်ငံမှာ မေ ၂၄ မှ ၂၆ ရက်နေ့တွေအတွင်း ၄၁ ခရိုင်မှာ မိုးရွာသွန်းပြီး အချို့နေရာ မိုးသည်းထန်မယ်၊ အက်ဒမန်ပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ပြင်မှာ လှိုင်းကြီးမယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီကနေ့ မနက် ၆ နာရီမှာ ထုတ်ပြန်ထားပါတယ်။
ထိုင်းအက်ဒမန်ပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်အော်မှာ အနောက်တောင်မုတ်သုန်လေအား ကောင်းနေပြီး ထိုင်းနိုင်ငံအလယ်ပိုင်းမှာတော့ လေဖိအားနည်းရပ်ဝန်းတရပ် ဖြစ်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံ ခရိုင်အတော်များများမှာ မိုးရွာသွန်းနိုင်ပြီး အချို့နေရာ မိုးသည်း ထန်ကာ ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျချောင်းရေကျခြင်းတွေ ဖြစ်ပေါ်နိုင်လို့ တောင်စောင်းဒေသ နဲ့ အနိမ့်ပိုင်းဒေသတဝိုက်နေထိုင်သူတွေ သွားရေးလာရေးသတိထားကြဖို့ သတိပေးထားပါတယ်။
မိုးရွာသွန်းခြင်း၊ မိုးသည်းထန်ခြင်းဖြစ်ပွားနိုင်တဲ့ခရိုင်တွေမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ ဥဒရာဒေ့ချ်၊ ဆုခိုထိုင်း၊ ဗိစနုလုတ်၊ ဖစ်ချဘွန်း နဲ့ တာ့ခ်ခရိုင်၊ ထိုင်းအရှေ့မြောက်ပိုင်း လွေး၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ နောင်ခိုင်၊ ဘိန်ကန်၊ ဆကွန်းနခွန်း၊ နခွန်းဖနုံ ခရိုင် ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ ဆမွတ်ဆုန်ခရမ်း၊ ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသတွေ၊ ထိုင်းအရှေ့ပိုင်း ချချိန်းဆောဝ်း၊ ချွန်းပူးရီး ၊ လယောင်း၊ ကျန်ထပူရီ နဲ့ တရတ်ခရိုင်၊ ထိုင်းတောင်ပိုင်း ဖစ်ချ်ပူရီ၊ ပရကျုပ်ခီရီခန်၊ ချွန်းဖွန်း နဲ့ ရနောင်းခရိုင်တွေဖြစ်ပါတယ်။
အက်ဒမန်ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပြီး အမြင့် ၂ မီတာမှ ၃ မီတာထိ တက်နိုင်မယ်၊ မိုးသားတွေတက်နေတဲ့နေရာမှာ ၃ မီတာထိမြင့်နိုင်တယ်၊ ထိုင်းပင်လယ်အော်မှာတော့ လှိုင်းအမြင့် ၁ မီတာထိတက်မယ်၊ မိုးသားတက်တဲ့နေရာမှာ ၂ မီတာထိမြင့်မယ်၊ အက်ဒမန်ပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်အော်ကမ်းစပ်အနီးနေထိုင်သူတွေ သတိထားကြဖို့၊ မိုးသားမိုးရိပ်တက်လာရင် ကမ်းစပ်မှလှေမထွက်ဖို့၊ မေ ၂၆ ရက်နောက်ပိုင်းမှ ပင်လယ်ထဲထွက်ဖို့ သတိပေးထားပါတယ်။
source/photo - news.ch7