မက္ကဆီကိုနိုင်ငံမှာ မေလ ၂၂ ရက်က မဲဆွယ်စည်းရုံးရေးအတွက် လူထုစုဝေးပွဲ လုပ်ဆောင်နေချိန်မှာ လေပြင်းတိုက်ခတ်မှုကြောင့် စတိတ်စင်ပြိုကျခဲ့ပြီး လူ ၉ ဦး သေဆုံးကာ လူ ၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စင်ပြိုကျအပြီး လူတွေ ပြေးလွှားအော်ဟစ်နေပုံကို မြင်တွေ့ရပြီး ဒီမတော်တဆမှုကြောင့် နိုင်ငံရေးသမားတွေနဲ့ တက်ရောက်သူတွေ လူစုကွဲထွက်သွားခဲ့ပါတယ်။
စက်မှုမြို့တော် မွန်တရေးမြို့အနီးက ချမ်းသာတဲ့နယ်မြေတခုဖြစ်တဲ့ ဆန်ပေဒရို ဂါဇာဂါစီယာ မြို့မှာ မဲဆွယ်စည်းရုံးပွဲ လုပ်နေတုန်း စင်မြင့်ပြိုကျခဲ့တာဖြစ်ကြောင်း ဗဟိုဝါဒီ လူထုလှုပ်ရှားမှုပါတီအတွက် သမ္မတလောင်း ဟော်ရ်ဟဲအလ်ဗာရက်ဇ် မိုင်နက်စ်က ပြောပါတယ်။
ရိုက်တာသတင်းဌာနကတော့ ပြည်တွင်းမီဒီယာတွေမှ ဗီဒီယိုတွေကို အတည်ပြုနိုင်ခဲ့ပြီး ဆန်ပေဒရို ဂါဇာဂါစီယာ မြို့အတွက် မြို့တော်ဝန်လောင်း ကိုယ်စားလှယ် လော်ရေနီယာ ကာနာဗာတီရဲ့ လူမှုမီဒီယာနဲ့ မက်ထာ အချက်အလက်တွေကနေ မျှဝေထားတဲ့ နေရာအသေးစိပ်တွေနဲ့ တည်နေရာနဲ့ ရိုက်ကူးတဲ့ရက်စွဲတွေ ကိုက်ညီမှု ရှိနေပါတယ်။
Source/Photo - Reuters